မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၃၀၊ ၂၀၁၈
တောင်ကိုရီးယား

ကိုရီးယား ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာ

ကိုရီးယား ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာ

ညီအစ်ကို ၅၇ ယောက် ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထောင်ကနေ လွတ်လာပြီး မိသားစုနဲ့ ပြန်ဆုံစည်းကြပြီဖြစ်ကြောင်း ကိုရီးယားဌာနခွဲရုံးက သတင်းရရှိပါတယ်။ မျှော်လင့်စောင့်စားခဲ့ရတဲ့အတိုင်း ဖြစ်လာလို့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ဝမ်းမြောက်ကြပါတယ်။ ဘုရားမျက်နှာသာ ကောင်းချီးအတွက် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါတယ်။—တောလည်ရာ ၆:၂၄-၂၆

ထောင်ထဲမှာ ကျန်နေသေးတဲ့ ညီအစ်ကို ရှစ်ယောက်အတွက် ဆုတောင်းပေးကြပါတယ်။ ထောင်ဒဏ် ၁၈ လထဲက ခြောက်လ ကျခံပြီးရင် သူတို့ပါ လွတ်လာကြမယ်လို့ မျှော်လင့်ပါတယ်။

မကြာသေးခင်က လွတ်လာတဲ့ ညီအစ်ကိုတွေ မိဘတွေနဲ့ ပြန်ဆုံစည်းနေကြစဉ် (ဝဲ၊ ယာ)။ ညီအစ်ကိုတစ်ယောက်ကို ထောင်အပြင်မှာ မီဒီယာတွေ မေးမြန်းနေစဉ် (အလယ်)။