မာတိကာဆီ ကျော်သွား

ဇွန် ၂၈၊ ၂၀၁၈
တောင်ကိုရီးယား

ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ သမိုင်းဝင် စီရင်ဆုံးဖြတ်ချက်- အရပ်ဘက်လုပ်ငန်း ရွေးချယ်ခွင့် မပေးခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထုတ်ပြန်ကြေညာ

ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ သမိုင်းဝင် စီရင်ဆုံးဖြတ်ချက်- အရပ်ဘက်လုပ်ငန်း ရွေးချယ်ခွင့် မပေးခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထုတ်ပြန်ကြေညာ

ကိုရီးယားစစ်မှုထမ်းအက်ဥပဒေ (MSA) မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေအတွက် အရပ်ဘက်လုပ်ငန်း မစီစဉ်ပေးတဲ့အတွက် အရပ်ဘက်လုပ်ငန်း ရွေးချယ်ခွင့် မပေးခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၁၈၊ ဇွန် ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ MSA အရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို ထောင်ချလေ့ရှိတဲ့ ၆၅ နှစ်သက်တမ်းကြာ မူဝါဒကို ပြောင်းပြန်လှန်ပစ်လိုက်တာမို့ သမိုင်းဝင် စီရင်ချက် ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ ညီအစ်ကို ၁၉,၃၀၀ ကျော် ထောင်ဒဏ် ချမှတ်ခံရကာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၃၆,၇၀၀ ကျော် ရှိခဲ့ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေ ပါဝင်ပတ်သက်တဲ့အမှုတွေမှာ ဒီစီရင်ဆုံးဖြတ်ချက်ကို လိုက်နာကျင့်သုံးစေဖို့ ကိုရီးယားတရားရုံးချုပ်အတွက် လမ်းပွင့်သွားပါပြီ။ ဒီ့ပြင် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေအတွက် အစားထိုး အရပ်ဘက်လုပ်ငန်းကို ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်အမီ ကိုရီးယားဥပဒေပြုသူတွေက ပြဋ္ဌာန်းပေးရပါတော့မယ်။

ဆယ်စုနှစ်ချီကြာတဲ့ မတရားမှု အဆုံးသတ်တော့မှာမို့ ကိုရီးယား ညီအစ်ကိုတွေနဲ့အတူ ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါတယ်။—ပညာအလိမ္မာ ၁၅:၃၀