စက်တင်ဘာ ၂၀၊ ၂၀၁၉
တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
နေ့စွဲ– စက်တင်ဘာ ၁၃-၁၅၊ ၂၀၁၉
နေရာ– တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ ကင်တက်ဇ် (ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပြပွဲခန်းမ)
ဘာသာစကား– တရုတ် မန်ဒရင်း၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ရုရှား၊ ဗီယက်နမ်
အများဆုံးတက်ရောက်သူ– ၆၀,၀၈၂
နှစ်ခြင်းခံသူ အရေအတွက်– ၄၇၈
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၀၇၆
ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဘရာဇီး၊ ချက်-ဆလိုဗက်၊ ဖင်လန်၊ ပြင်သစ်၊ ဂရိ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မလေးရှား၊ စကင်ဒီနေးဗီးယား၊ အမေရိကန်၊ ဗီယက်နမ်
ဒေသခံတွေ့ကြုံမှု– ကိုယ်စားလှယ်တွေအတွက် အစားအသောက် ရောင်းချပေးတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ ချေဂျီအွန် ဒီလို ပြောတယ်– “ယေဟောဝါသက်သေတွေ သိပ်ကြင်နာတတ်တယ်ဆိုတာ ဒီပရောဂျက်ကနေ တွေ့လိုက်ရတယ်လို့ ဝန်ထမ်းတစ်ယောက်က ပြောတယ်။ ကိုရီးယားက ယေဟောဝါသက်သေတွေနဲ့ နိုင်ငံခြားသား ယေဟောဝါသက်သေတွေဟာ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်ပေမဲ့ အချင်းချင်း မေတ္တာပြကြတာကို ကျွန်တော် တကယ် အထင်ကြီးလေးစားတယ်။ မိတ်ဆွေရင်းချာတွေ ပြန်ဆုံတွေ့ကြသလိုပဲ။ တခြား ဘာသာရေးအခမ်းအနားတွေမှာ ကျွန်တော် ပါဝင်ဖူးပေမဲ့ ယေဟောဝါသက်သေတွေ ကျင်းပတဲ့ ဒီပွဲကတော့ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါပဲ။”
အော်တန် ခရီးသွားအေဂျင်စီရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ အန်ဆန်ဂျူး ဒီလို ပြောတယ်– “ယေဟောဝါသက်သေတွေရဲ့ ကြင်နာမှုတွေ၊ အမြဲပြုံးနေတာတွေကို တွေ့ရပြီးနောက်မှာ ကျွန်တော်တို့ရဲ့ ဘတ်စကားမောင်းသူတွေလည်း အဲဒီလို ဖြစ်သင့်တယ်လို့ ခံစားမိတယ်။ အစပိုင်းတုန်းကတော့ ယေဟောဝါသက်သေတွေရဲ့ လျှို့ဝှက်ချက်က ဘာများလဲလို့ စဉ်းစားမိတယ်။ သူတို့နဲ့ အတူ အလုပ်လုပ်တဲ့အခါကျမှ လျှို့ဝှက်ချက်ကို သိသွားတယ်။ သူတို့က အချင်းချင်း တကယ်ချစ်ကြပြီး လေးစားကြတယ်။ ကိုယ်သွန်သင်ပေးတဲ့အတိုင်း လက်တွေ့လိုက်နာကြတယ်။ ယေဟောဝါသက်သေတွေဟာ အခကြေးငွေ မယူဘဲ လုပ်ဆောင်ကြတယ်ဆိုတာ သိလိုက်ရလို့ တကယ်အံ့ဩတယ်။ တစ်ယောက်ပြောတာကို တစ်ယောက်က အာရုံစိုက်နားထောင်ပေးတာ၊ အမြဲပဲ အပြုံးနဲ့ တုံ့ပြန်တာကို တွေ့ပြီးတဲ့အခါ ကျွန်တော်လည်း ပြောင်းလဲသင့်တယ်လို့ စဉ်းစားမိတယ်။ အခွင့်အရေး ရဦးမယ်ဆိုရင် နောင်များမှာလည်း ယေဟောဝါသက်သေတွေနဲ့ တွဲအလုပ်လုပ်ချင်ပါသေးတယ်။”
အမ်ဘီစီ မွန်ဝှာ အသံလွှင့်ဌာနပိုင် နန်းတွင်းရတနာ/ဂေချန်ဂင်ဇာတ်လမ်း ရိုက်ကူးတဲ့ ဥယျာဉ်ကို အုပ်ချုပ်သူ ဒါရိုက်တာ ကင်ဂျိုရှစ် ဒီလို မှတ်ချက်ချခဲ့တယ်– “ယေဟောဝါသက်သေတွေ ပြင်ဆင်တဲ့ အစီအစဉ်ကတော့ တကယ် ကောင်းတယ်။ ကျွန်တော်က ကက်သလစ်ဘာသာဝင် ဖြစ်ပေမဲ့ ခရစ်ယာန်စစ်တွေ ပြုမူကျင့်ကြံသင့်ပုံကို ဒီအစီအစဉ်ကနေ တွေ့လိုက်ရတယ်။ ယေဟောဝါသက်သေတွေ စနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြတာကို ကျွန်တော်နဲ့ ဝန်ထမ်းတွေ အားလုံး မြင်တွေ့ခဲ့ရတယ်။ တခြားသူတွေကို ကြင်နာမှု ပြကြတယ်။ ကျွန်တော်တို့ရဲ့ အဆောက်အဦက ပစ္စည်းသေးသေးလေးတွေကိုတောင် ခွင့်တောင်းပြီးမှ သုံးကြတယ်။ ကျွန်တော် ယေဟောဝါသက်သေတစ်ယောက် ဖြစ်သွားသလိုပဲ သူတို့အတွက် သိပ်ဂုဏ်ယူမိတယ်။”
ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ညီအစ်ကို၊ ညီအစ်မတွေ လေဆိပ်မှာ ဝမ်းပန်းတသာ ကြိုဆိုနေကြစဉ်
ဒေသခံ ညီအစ်ကို၊ ညီအစ်မနဲ့အတူ ကိုယ်စားလှယ်တွေ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေကြစဉ်
မနက်ပိုင်းမှာ အစည်းအဝေးလုပ်တဲ့နေရာကို ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေကို ဒေသခံညီအစ်မတွေ ကြိုဆိုနေကြစဉ်
ဒေသခံညီအစ်မနဲ့ သမီးငယ်လေးကို ဧည့်သည်ညီအစ်မက ဓာတ်ပုံရိုက်နေစဉ်
တက်ရောက်လာတဲ့ ပရိသတ်တွေ စနေနေ့ အစည်းအဝေး အစီအစဉ်ကို နားထောင်နေကြစဉ်
ညီအစ်ကိုတစ်ယောက်က မျက်မမြင်၊ နားမကြား ညီအစ်ကိုအတွက် အထိအတွေ့ ဘာသာစကားနဲ့ နှစ်ခြင်းမေးခွန်းတွေကို ဘာသာပြန်ပေးနေစဉ်
ညီအစ်မ သုံးယောက်က အစီအစဉ်ကို အာရုံစိုက်နားထောင်ပြီး မှတ်စုယူနေကြစဉ်
ညီအစ်ကို စတီဗင် လက်တ် စနေနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်
စနေနေ့ မွန်းလွဲပိုင်းမှာ နှစ်ခြင်းကန် ၆ ကန်ကို အပေါ်စီးကနေ မြင်ရစဉ်
တနင်္ဂနွေနေ့ နိဂုံးချုပ် ဟောပြောချက်မှာ အထူးအချိန်ပြည့် အမှုဆောင်တွေ ပရိသတ်တွေကို လက်ဝှေ့ယမ်းနှုတ်ဆက်နေစဉ်
ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူတွေနဲ့အတူ အစည်းအဝေး တက်ရောက်လာသူ အုပ်စုတစ်စု ဓာတ်ပုံရိုက်နေကြစဉ်
စမ်းသပ်မှုတွေကြား သစ္စာရှိခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ ဓာတ်ပုံကို ကိုရီးယားဗေသလမှာ ကိုယ်စားလှယ်တွေ ကြည့်နေကြစဉ်
လည်ပတ်ကြည့်ရှုတဲ့ နေရာတစ်ခုမှာ အပြည်အပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ညီအစ်မတွေ ဓာတ်ပုံရိုက်နေကြစဉ်
ဧည့်သည်တွေကို ဘူချေချွန်လို့ခေါ်တဲ့ ကိုရီးယား ရိုးရာအက ကပြတဲ့ ညီအစ်မတွေ ဓာတ်ပုံရိုက်နေကြစဉ်