မာတိကာဆီ ကျော်သွား

လုံးလုံး မီးလောင်ပျက်စီးသွားတဲ့ ယေဟောဝါသက်သေ မိသားစုတစ်စုရဲ့ အိမ်

ဧပြီ ၂၅၊ ၂၀၁၉
တောင်ကိုရီးယား

တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် တောမီး လောင်ကျွမ်း

တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် တောမီး လောင်ကျွမ်း

တောင်ကိုရီးယားနိုင်ငံ၊ ဂန်းဝန်ပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ ၂၀၁၉၊ ဧပြီ ၄ ရက်နေ့တုန်းက တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့တယ်။ တောမီး အလျင်အမြန် ပျံ့နှံ့သွားမှုကြောင်း အစိုးရက အမျိုးသားအဆင့် ဘေးအန္တရာယ်အဖြစ် ထုတ်ပြန်ကြေညာတယ်။ ဧက ၄,၀၀၀ (၁,၆၀၀ စတုရန်းမီတာ) လောင်ကျွမ်းပြီးနောက်မှ မီးထိန်းနိုင်ခဲ့တယ်။ လူနှစ်ယောက် သေဆုံးသွားတယ်။

ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိဘူးလို့ ဌာနခွဲရုံးက သတင်းရရှိပါတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့ နေအိမ် ရှစ်လုံး မီးလောင်သွားပြီး ၂၇ ယောက် မီးဘေးသင့်ခဲ့တယ်။ ဌာနခွဲရုံးရဲ့ လမ်းညွှန်မှုအောက်မှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ဖွဲ့စည်းထားတယ်။ အဲဒီဒေသက တိုက်နယ်ကြီးကြပ်မှူးဟာ အသင်းတော် အကြီးအကဲတွေနဲ့အတူ မီးဘေးသင့်သူတွေကို လက်တွေ့ကျ အကူအညီတွေပေး၊ ကျမ်းစာနဲ့ အားပေးတည်ဆောက်နေပါတယ်။

ယေဟောဝါဘုရားဟာ ညီအစ်ကို/မတွေရဲ့ ‘ခိုလှုံရာ၊ အစွမ်းခွန်အား၊ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်’ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၄၆:၁