မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၇၊ ၂၀၂၀
တောင်ကိုရီးယား

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း တောင်ကိုရီးယား ကြေညာ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း တောင်ကိုရီးယား ကြေညာ

မကြာသေးခင်က ထောင်ကနေ လွတ်လာကြတဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ၁,၈၇၉ ယောက်ကို အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ညီအစ်ကိုတွေဟာ ပြစ်မှုမှတ်တမ်း ရှိနေဆဲဖြစ်ပေမဲ့ ကန့်သတ်ချက်အားလုံးကို အစိုးရက ပယ်ဖျက်ပေးပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးနဲ့ တရားရုံးချုပ်က ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ လူ့အခွင့်အရေး တစ်ခုဖြစ်တယ်၊ ပြစ်မှုမမြောက်ဘူးလို့ ၂၀၁၈ ခုနှစ်မှာ စီရင်ဆုံးဖြတ်ခဲ့တဲ့အတွက် ဒီလို အထူးလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာ ထောင်ကနေ လွတ်လာသူတွေဟာ တချို့သော လုပ်ဆောင်မှုတွေ လုပ်ခွင့်မရဘဲ ငါးနှစ် ကန့်သတ်ခံထားရတာမျိုး ရှိတယ်။ ယုံကြည်ချက်ကြောင့် စစ်ဖို့ထမ်းဖို့ ငြင်းဆိုသူတွေမှာ ပြစ်မှုမှတ်တမ်း ရှိနေတဲ့အတွက် အစိုးရက ညီအစ်ကိုတွေကို အဲဒီကန့်သတ်ချက်တွေ ပေးကြတယ်။ ဒါကြောင့် ညီအစ်ကိုတွေဟာ အစိုးရထောက်ခံချက်လိုတဲ့ လိုင်စင်တွေ မရနိုင်ကြဘူး။ တချို့အလုပ်တွေ လုပ်ခွင့်မရကြဘူး။

တောင်ကိုရီးယားနိုင်ငံ လူထုသတင်းအချက်အလက်ဌာနက ညီအစ်ကို ဟောင်ဒေအီလ် ဒီလိုပြောတယ်– “အစိုးရက ဒီကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ဒီဆုံးဖြတ်ချက်က ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ထောင်ကျခဲ့သူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူးလို့ အစိုးရ အပြည့်အဝ အသိအမှတ်ပြုပေးဖို့ နီးလာပြီဆိုတာ ဖော်ပြတယ်။”

တောင်ကိုရီးယား အစိုးရဘက်က အပြုသဘောဆောင်တဲ့ နောက်ထပ်ဆုံးဖြတ်ချက်တွေချဖို့ ကျွန်တော်တို့ မျှော်လင့်ကြပေမဲ့ အကြီးမြတ်ဆုံး ဥပဒေပြဋ္ဌာန်းရှင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါတယ်။—ဗျာဒိတ် ၄:၁၁