မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၊ ၂၀၁၈
တောင်ကိုရီးယား

တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်

တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း ၂၀၁၈၊ နိုဝင်ဘာ ၁၊ ကြာသပတေးနေ့မှာ တောင်ကိုရီးယား တရားရုံးချုပ်က ၉-၄ မဲနဲ့ စီရင်ဆုံးဖြတ်လိုက်ပါတယ်။ ဘာသာရေး ယုံကြည်ချက်ဟာ စစ်မှုထမ်းဖို့ ငြင်းဆန်နိုင်တဲ့ “ခိုင်လုံတဲ့ အကြောင်းရင်းတွေ” ဖြစ်တယ်လို့ သတ်မှတ်လိုက်ပါပြီ။ တောင်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ချမှတ်လိုက်တဲ့ ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်မှာ ဆိုင်းငံ့အမှု ရင်ဆိုင်နေတဲ့ ညီအစ်ကို ၉၀၀ ကျော်ကို အပြစ်မရှိကြောင်း ကြေညာဖို့ လမ်းခင်းပေးလိုက်ပါပြီ။

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေအတွက် အရပ်ဘက်လုပ်ငန်းကို ၂၀၁၉၊ ဒီဇင်ဘာလ နောက်ဆုံးထားပြီး စီစဉ်ပေးရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဒီနှစ်အစောပိုင်းမှာ စီရင်ချက်ချခဲ့တယ်။

ဒီသမိုင်းဝင် ဆုံးဖြတ်ချက်အတွက် ယေဟောဝါဘုရားကို ဝမ်းသာအားရ ချီးမွမ်းပါတယ်။