မာတိကာဆီ ကျော်သွား

ဝဲမှ ယာသို့။ ညီအစ်ကို ချိုယွန်ဝန်၊ ဘတ်ဂျုံဟွန်၊ ကန်ရာယွန်းတို့က အရပ်ဘက်ဆိုင်ရာ လုပ်ငန်း လုပ်ဆောင်ဖို့ ထွက်ခွာခါနီး မိသားစုကို လက်ပြနှုတ်ဆက်နေစဉ်

နိုဝင်ဘာ ၂၃၊ ၂၀၂၀
တောင်ကိုရီးယား

သမိုင်းဝင် တိုးတက်မှု။ တောင်ကိုရီးယားမှာ အစားထိုး အရပ်ဘက်လုပ်ငန်း စတင်ပြီ

သမိုင်းဝင် တိုးတက်မှု။ တောင်ကိုရီးယားမှာ အစားထိုး အရပ်ဘက်လုပ်ငန်း စတင်ပြီ

သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား အစိုးရက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတို့အတွက် အစားထိုး အရပ်ဘက်လုပ်ငန်း စတင် လုပ်ဆောင်ခွင့် ပေးလိုက်ပါပြီ။ ၂၀၂၀၊ အောက်တိုဘာ ၂၆ ရက်မှာ ညီအစ်ကို ၆၃ ဦးဟာ ဒီလုပ်ငန်းကို လက်ခံရရှိပြီး စာရိတ္တပြုပြင်ရေးကျောင်း နှစ်ခုအနက် တစ်ခုမှာ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ရတယ်။ အစားအသောက် ဝန်ဆောင်မှု၊ ဝယ်ယူရေး၊ ပညာပေးရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းရေးတွေမှာ ပါဝင်လုပ်ဆောင်ရမယ်။ လက်ရှိ စည်းမျဉ်းတွေအရ ဝန်ထမ်းသက်တမ်း နှစ်လကြာပြီးနောက် ညီအစ်ကို တစ်ဝက်လောက်ဟာ ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက် အလုပ်ချိန်နောက်ပိုင်း အပြင်ထွက်ခွင့် ရမယ်။ ဒါပေမဲ့ ညကိုးနာရီ မတိုင်ခင် ပြန်ရောက်ဖို့ လိုပါမယ်။

ညီအစ်ကို ၆၃ ဦးထဲက ညီအစ်ကို ကင်မ်ဟွန်ဆိုးက “နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကွက်တိ ကိုက်ညီတဲ့ လုပ်ငန်း မဟုတ်ပေမဲ့ စစ်တပ်ကွပ်ကဲမှုအောက် မဟုတ်ဘဲ အရပ်ဘက်လုပ်ငန်းစစ်စစ် ဖြစ်နေလို့ ကျွန်တော် ရွေးချယ်လိုက်တာပါ” လို့ ပြောတယ်။

တောင်ကိုရီးယားက သစ္စာရှိ ညီအစ်ကိုငယ်တွေရဲ့ “အကျင့်ကောင်း” ဟာ ယေဟောဝါရဲ့ ဘုန်းတော်ကို ချီးမွမ်းစရာ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။—မဿဲ ၅:၁၆

 

ညီအစ်ကို ပတ်ဂျီဟော့ အရပ်ဘက်ဆိုင်ရာ လုပ်ငန်း လုပ်ဆောင်ဖို့ ထွက်ခွာခါနီး မိသားစုကို နှုတ်ဆက်နေစဉ်

ညီအစ်ကို လီစန်ဂျွန်း မိသားစုနဲ့ ခွဲခွာခါနီး (ဝဲ)။ ညီအစ်ကို ကင်မ်ယုံဟွန်းရဲ့ မိဘ ပွေ့ဖက်နေ (ယာ)

အရပ်ဘက်ဆိုင်ရာ လုပ်ငန်း လုပ်ဆောင်ဖို့ ညီအစ်ကို ဂျီယွန်းဂမ် ထွက်ခွာခါနီး