မာတိကာဆီ ကျော်သွား

ဩဂုတ် ၃၀၊ ၂၀၁၈
တောင်ကိုရီးယား

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယား တရားရုံးချုပ် ကြားနာ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယား တရားရုံးချုပ် ကြားနာ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ယေဟောဝါသက်သေသုံးယောက်ရဲ့ အမှုကို ၂၀၁၈၊ ဩဂုတ် ၃၀၊ ကြာသပတေးနေ့မှာ တောင်ကိုရီးယား တရားရုံးချုပ်က တရားသူကြီး စုံစုံလင်လင်နဲ့ ကြားနာခဲ့ပါတယ်။ ယေဟောဝါသက်သေ ရှေ့နေတွေနဲ့ တခြားသူတွေကို တရားသူကြီး ၁၃ ယောက်စလုံးက လေးနာရီကြာ မေးမြန်းခဲ့တယ်။ အဲဒါက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ထောင်ချတဲ့ ကိုရီးယားရဲ့ သက်တမ်းကြာအစဉ်အလာနဲ့ပတ်သက်ပြီး လူထုသဘောထားကွဲလွဲမှုကို ဖော်ပြတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ရာဇဝတ်သားတွေအဖြစ် ထောင်မချဘဲ အရပ်ဘက်လုပ်ငန်း အကောင်အထည် ဖော်ပေးဖို့ ဖွဲစည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ ၂၀၁၈၊ ဇွန် ၂၈ ရက်စွဲပါ စီရင်ချက်ကို တရားသူကြီးတွေ အကြာကြီး ဆွေးနွေးကြတယ်။ ရှေ့နေတွေက ညီအစ်ကို သုံးယောက်ကို အပြစ်မရှိကြောင်း ကြေညာပေးဖို့ တရားရုံးကို တောင်းဆိုကြတယ်။ ဒါမှသာ အောက်တရားရုံးတွေမှာ ဆိုင်းငံ့ထားတဲ့ အလားတူ အမှု ၉၀၀ ကျော်အတွက် ခိုင်မာတဲ့ စီရင်ထုံးကို ရှင်းရှင်းလင်းလင်း ချမှတ်ပေးနိုင်မှာ ဖြစ်တယ်။ ကြားနာချိန်အတွင်း သုံးသပ်တဲ့ ယေဟောဝါသက်သေ သုံးယောက်ရဲ့ အမှုကို ဘယ်အချိန်မှာ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ တရားရုံးချုပ်အပေါ်ပဲ မူတည်ပါတယ်။

ထောင်ကျနေသေးတဲ့ သစ္စာရှိ ညီအစ်ကို ၁၀၀ ကျော်နဲ့အတူ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ဘုရားသခင်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ စိတ်ရှည်ရှည် စောင့်နေကြပါတယ်။—မိက္ခာ ၇:၇