မာတိကာဆီ ကျော်သွား

မေ ၇၊ ၂၀၁၈
တောင်ကိုရီးယား

၂၀၁၈ အိုလံပစ်ပွဲတော်၊ မသန်စွမ်း ကစားပွဲတော်မှာ ကျမ်းစာ စာပေတွေကို ယေဟောဝါသက်သေတွေ ပြသ

၂၀၁၈ အိုလံပစ်ပွဲတော်၊ မသန်စွမ်း ကစားပွဲတော်မှာ ကျမ်းစာ စာပေတွေကို ယေဟောဝါသက်သေတွေ ပြသ

ဖေဖော်ဝါရီ ၉-၂၅ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲတော်၊ မသန်စွမ်း အားကစားပွဲတော်အတွင်း ကိုရီးယားနိုင်ငံက ညီအစ်ကို/မတွေဟာ နိုင်ငံတကာ ဧည့်သည်တွေကို ကျမ်းစာအခြေပြု စာပေတွေ အခမဲ့ ဝေငှတဲ့ အထူးကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။

ဒီကင်ပိန်းမှာ နိုင်ငံတစ်ဝှမ်းက ယေဟောဝါသက်သေ ၇,၁၀၀ ကျော် ပါဝင်ခဲ့ကြတယ်။ အများစုက ဘူဆန်၊ ဂွမ်ဂျူ၊ အင်ချွန်၊ ဆိုးလ်၊ ဆူဝမ်မြို့တွေက ဖြစ်ကြတယ်။ တချို့က ပြုံချမ်းမြို့ တောင်ဘက် မိုင် ၃၀၀ အကွာ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်မှုများတဲ့ ဂျယ်ဂျူကျွန်းကနေတောင် လာကြတယ်။

ညီအစ်ကိုတွေက ဂန်နန်း အိုလံပစ် အားကစားကွင်းနဲ့ ပြုံချမ်း အိုလံပစ်ပလာဇာ နေရာ ၄၈ ခုမှာ အများရှေ့ သက်သေခံ လက်တွန်းစင် ၁၅၂ ခု ပြင်ဆင်ထားကြတယ်။ အိုလံပစ်ရွာအဝင်ဝရှိ ဘာသာရေးဆိုင်ရာနေရာမှာလည်း စာပေတချို့ ပြသခွင့် ရခဲ့ကြတယ်။

ဂန်နန်း အိုလံပစ် အားကစားဝင်း မြောက်ဘက်ဝင်ပေါက်နားက လက်တွန်းစင် နှစ်ခု။

ဒါ့အပြင် အာဏာပိုင်တွေက ဂန်နန်းဘူတာရုံ ရင်ပြင်မှာလည်း လက်တွန်းစင်တွေ ထားခွင့်ပြုခဲ့တယ်။ ဂန်နန်းဘူတာရုံဟာ ပြီးစီးခါစ KTX ဂျုန်ဂမ်း ကျည်ဆန်ရထားလမ်းရဲ့ နောက်ဆုံး ဘူတာရုံ ဖြစ်ပြီး အင်ချွန်နဲ့ ဆိုးလ်မြို့က ခရီးသည်တွေကို ပြုံချမ်းကို ပို့ဆောင်ပေးတယ်။ အိုလံပစ်အားကစားပွဲ ဖွင့်ပွဲနေ့မှာ ဂန်နန်းဘူတာရုံကို ခရီးသည် ၂၈,၀၀၀ ကျော် အသုံးပြုခဲ့ကြတယ်။

နိုင်ငံခြားသားခရီးသည် ခန့်မှန်းခြေ ၈၀,၀၀၀ လောက် ရောက်လာတဲ့အတွက် ညီအစ်ကိုတွေက တရုတ်၊ အင်္ဂလိပ်၊ ကာဇက်၊ ကိုရီးယား၊ ရုရှားဘာသာစကားတွေ အပါအဝင် ဘာသာစကား ၂၀ မျိုးနဲ့ စာအုပ်၊ စာစောင်၊ မဂ္ဂဇင်း၊ ဝေစာတွေ ဝေငှခဲ့ကြတယ်။ ကိုရီးယားလက်သင်္ကေတပြ ညီအစ်ကိုတွေက လက်တွန်းစင်တွေမှာ လက်သင်္ကေတပြ ဗီဒီယိုတွေ သုံးပြီး မသန်စွမ်း ကစားပွဲကို ရောက်လာတဲ့ နားမကြားသူများစွာကို ကြိုဆိုခဲ့ကြတယ်။ စာအုပ်စာပေ ၇၁,၂၀၀ ကျော် ဝေငှနိုင်ခဲ့ကြတယ်။

ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်မှာ လက်တွန်းစင်ပေါင်း ၃၀၀,၀၀၀ ကျော် သုံးပြီး စာပေတွေကို ပြသဝေငှကြတယ်။ ဒီနည်းနဲ့ လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ ဟောပြောနိုင်ပြီး ဘုရားပေးတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေကြပါတယ်။—၂ တိမောသေ ၄:၅