မာတိကာဆီ ကျော်သွား

ကွမ်ဂါလီ၊ ဆပူလာနာနဲ့ ဆက်ဆွာနာ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ ကျမ်းစာအုပ်တွေကို ညီအစ်ကို မာ့ခ် ဆန်ဒါစန် ပြနေ

၂၀၂၁၊ မတ် ၁၀
တောင်အာဖရိက

တောင်အာဖရိကမှာ ဘာသာစကား သုံးမျိုးနဲ့ ကျမ်းစာ ထုတ်ဝေ

တောင်အာဖရိကမှာ ဘာသာစကား သုံးမျိုးနဲ့ ကျမ်းစာ ထုတ်ဝေ

၂၀၂၁၊ မတ်လ ၇ ရက်နေ့မှာ တောင်အာဖရိက ကွမ်ဂါလီ၊ ဆပူလာနာနဲ့ ဆက်ဆွာနာ ဘာသာစကားပြော ကြေညာသူတွေ အထူးလက်ဆောင် ရရှိခဲ့ကြတယ်။ ကွမ်ဂါလီ၊ ဆပူလာနာ ဘာသာစကားနဲ့ ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ၊ ဆက်ဆွာနာ ဘာသာစကားနဲ့ ပြန်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ် ဘာသာပြန်ကျမ်းကို ကြိုတင်ရိုက်ကူးထားတဲ့ ဟောပြောချက် အစီအစဉ်နဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန် ထုတ်ဝေပေးတယ်။ ကြေညာသူတွေက ဒီအထူး အစီအစဉ်ကို ဗီဒီယို ချိတ်ဆက်ပြီး ကြည့်ရှုခဲ့ကြတယ်။ ကျမ်းစာတွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့ ရရှိခဲ့ကြတယ်။

ကွမ်ဂါလီ

ဘာသာပြန် သုံးယောက် ပါတဲ့ အဖွဲ့က နှစ်နှစ်ကြာ လုပ်ဆောင်ခဲ့ကြတယ်။ ဒီဘာသာစကားပြော ကြေညာသူ ၂၄၀ ဟာ ကိုယ်ပိုင်လေ့လာမှုနဲ့ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုဖို့ နားလည်ရလွယ်တဲ့ ဘာသာပြန်ကျမ်းကို ရရှိကြပြီ။

ဆပူလာနာ

ဘာသာပြန် ခြောက်ယောက်က ဒီလုပ်ငန်းကို တစ်နှစ်ခွဲကြာ လုပ်ဆောင်ခဲ့တယ်။ တောင်အာဖရိကမှာ ဆပူလာနာ စကားပြော ကြေညာသူ ၃၇၄ ယောက် ရှိတယ်။

ဘာသာပြန်တစ်ယောက်က “အမှုဆောင်မှာ ဆပီဒီ ဘာသာပြန်ကျမ်းကိုပဲ သုံးလေ့ရှိတယ်။ ဒါပေမဲ့ စိတ်ဝင်စားသူကို ကျမ်းစာ မရှင်းပြခင် ကျမ်းချက်ထဲက စကားလုံး တစ်လုံး နှစ်လုံးကို အရင် ရှင်းပြ ဒါမှမဟုတ် ဘာသာပြန်ပေးရတယ်။ ဒီဘာသာပြန်ကျမ်းနဲ့တော့ ဖတ်လိုက်တာနဲ့ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီ” လို့ ပြောတယ်။

ဆက်ဆွာနာ

ပြန်တည်းဖြတ်တဲ့ ကျမ်းစာ ဘာသာပြန်လုပ်ငန်းကို ဘာသာပြန် ခြောက်ယောက်က လေးနှစ်ကြာ လုပ်ဆောင်ခဲ့တယ်။ ဆက်ဆွာနာ ဘာသာစကားပြော ကြေညာသူ ၅၆၀၀ ကျော် ရှိတယ်။

ဆက်ဆွာနာ ကမ္ဘာသစ် ဘာသာပြန်ကျမ်းနဲ့ပတ်သက်ပြီး “အမှုဆောင်မှာ နားလည်ရခက်တဲ့ စကားလုံးတွေကို ရှင်းပြဖို့ထက် ဟောပြောခြင်း စွမ်းရည် တိုးတက်အောင် အာရုံစိုက်ဖို့ ဒီကျမ်းစာက ကြေညာသူတွေကို ကူညီပေးတယ်။ လေ့လာမှုအတွက် ထိရောက်တဲ့ ကိရိယာ ဖြစ်လာလိမ့်မယ်။ ဇယားတွေ၊ မြေပုံတွေ၊ ရုပ်ပုံတွေနဲ့ ခက်ဆစ်တွေက ကျမ်းစာ အချက်အလက်တွေကို မြင်ယောင်ဖို့ ကြေညာသူတွေကို ကူညီပေးတယ်” လို့ ဘာသာပြန်တစ်ယောက် ပြောတယ်။

ဒီကျမ်းစာ ထုတ်ဝေမှုတွေက ညီအစ်ကို ညီအစ်မတွေနဲ့ သူတို့ ဟောတဲ့သူတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ အလျှံပယ် ရရှိနေတဲ့ ဘုရားရေးရာ လမ်းညွှန်ချက်တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ကြပါတယ်။—ဟေရှာယ ၆၅:၁၃