မာတိကာဆီ ကျော်သွား

တောင်အာဖရိက လက်သင်္ကေတပြ ဘာသာပြန်ရုံးခွဲအသစ်

ဧပြီ ၂၉၊ ၂၀၂၂
တောင်အာဖရိက

ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက တောင်အာဖရိက လက်သင်္ကေတပြ ဘာသာပြန်ရုံးအတွက် အဆောက်အအုံတစ်ခုကို ပြုပြင်ပေး

ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက တောင်အာဖရိက လက်သင်္ကေတပြ ဘာသာပြန်ရုံးအတွက် အဆောက်အအုံတစ်ခုကို ပြုပြင်ပေး

တောင်အာဖရိကမှာရှိတဲ့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (LDC) ဟာ တောင်အာဖရိက လက်သင်္ကေတပြ ဘာသာစကား (SASL) ဘာသာပြန်ရုံးခွဲ (RTO) အဖြစ် အသုံးပြုမယ့် ဒါဘန်မြို့က အဆောက်အအုံကို ပြုပြင်ပေးနေတာ မကြာခင် ပြီးစီးပါတော့မယ်။ ၂၀၂၀၊ မတ်လက ဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီနောက် သိပ်မကြာခင်မှာ အနားက တိုက်ခန်းတွေကိုလည်း ဝယ်ယူခဲ့တယ်။ ဘာသာပြန်တွေဟာ ၂၀၂၂၊ မေလမှာ တိုက်ခန်းကို ပြောင်းရွှေ့ကြပါမယ်။

RTO မှာ ဗေသလအိမ်သား ၁၇ ယောက်၊ အပြင်က အချိန်ပိုင်း အလုပ်ဆင်းသူ ၂၅ ယောက်ရှိတယ်။ တောင်အာဖရိကမှာရှိတဲ့ နားမကြား၊ အကြားအာရုံ အားနည်းတဲ့ ကြေညာသူ ၂၈၃ ယောက်အတွက်နဲ့ နိုင်ငံအတွင်းမှာရှိတဲ့ နားမကြား၊ အကြားအာရုံ အားနည်းသူ ၄၅၀,၀၀၀ အတွက် ဒီ RTO ကနေ ကျွန်တော်တို့ရဲ့ စာပေတွေကို အရည်အသွေးကောင်းစွာ ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ နားမကြားသူ၊ အကြားအာရုံ အားနည်းသူ အများစုဟာ တောင်အာဖရိက ကဝါဇူလူ-နေတယ်လ်ပြည်နယ်မှာ နေထိုင်ကြတယ်။ ဒါဘန်မြို့က ဒီပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တယ်။

တောင်အာဖရိက လက်သင်္ကေတပြ ဘာသာပြန်အဖွဲ့မှာ အမှုဆောင်နေတဲ့ ညီအစ်ကို စဘူစီစို မဇီဇီ ဒီလိုပြောတယ်– “ဒီရုံးအသစ်က တောင်အာဖရိကမှာရှိတဲ့ လက်သင်္ကေတပြ ဘာသာစကားပြောသူတွေကို ဟောပြောတဲ့နေရာမှာ အကျိုးပြုမယ်၊ အသင်းတော်ကို အားတက်စေမယ်လို့ ယုံကြည်တယ်။”

တောင်အာဖရိက လက်သင်္ကေတပြ ဘာသာစကားအတွက် ကျွန်တော်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးဖို့၊ ဒီစီမံကိန်း တိုးတက်ဖို့ ဆုတောင်းပါတယ်။—ဆာလံ ၁၂၇:၁