မာတိကာဆီ ကျော်သွား

ဇွန် ၅၊ ၂၀၁၉
တောင်အာဖရိက

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အာဖရိကမှာ ရေလွှမ်းမိုး

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အာဖရိကမှာ ရေလွှမ်းမိုး

၂၀၁၉ ဧပြီလကုန်ခါနီးတုန်းက တောင်အာဖရိက အရှေ့ဖက်ကမ်းခြေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်။ မိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ကွာဇူးလူးနက်တားလ်ပြည်နယ်၊ ဒါဘန်မြို့အနှံ့မှာ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်။ အနည်းဆုံး လူ ၇၀ သေဆုံးတယ်လို့ သတင်းတွေက ဖော်ပြတယ်။

ညီအစ်ကို ညီအစ်မ တစ်ယောက်မှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ တောင်အာဖရိက ဌာနခွဲက သတင်းပေးပို့တယ်။ ဒါပေမဲ့ မြေပြိုမှု၊ ရေလွှမ်းမိုးမှုကြောင့် မိသားစု ၁၉ စုရဲ့အိမ်တွေ ပျက်စီးသွားတယ်။ နိုင်ငံတော်ခန်းမ ၃ လုံးလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတယ်။

သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနဲ့ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေဟာ အိမ်တစ်လုံးစီရဲ့ ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးနေတယ်။ ညီအစ်ကိုတွေအတွက် အန္တရာယ်ရှိတယ်ဆိုရင် တခြားနေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ပေးတယ်။

ခက်ခဲတဲ့ ဒီအခြေအနေတွေကို ရင်ဆိုင်နေကြရတဲ့ တောင်အာဖရိကက ညီအစ်ကို ညီအစ်မတွေကို ယေဟောဝါ ဆက်ထောက်မကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၃၄:၁၉