ဧပြီ ၂၅၊ ၂၀၂၂
တောင်အာဖရိက
မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် တောင်အာဖရိကမှာ အပျက်အစီး များခဲ့
၂၀၂၂၊ ဧပြီ ၁၃ မှာ တောင်အာဖရိက၊ ကဝါဇူလူ-နေတယ်လ် ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် လူရာနဲ့ချီ သေဆုံးပြီး အပျက်အစီးများခဲ့တယ်။ တချို့ ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၂ လက်မနီးပါး (၃၀၀ မီလီမီတာ) အထိ ရွာသွန်းခဲ့တယ်။ ဒေသအတော်များများမှာ လျှပ်စစ်မီးနဲ့ ရေ ပြတ်တောက်သွားတယ်။ လမ်းအတော်များများ ရေထဲပါသွားတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း မရှိပါ
နံရံပြိုကျတဲ့အတွက် ညီအစ်မတစ်ယောက်ရဲ့ သမီး ဒဏ်ရာ အနည်းငယ် ရရှိ
အိမ် ရေထဲပါသွားချိန်မှာ ညီအစ်ကိုတစ်ယောက် အနည်းငယ် ဒဏ်ရာရ
အိမ် ၂၇ လုံး လုံးဝ ပျက်စီး
အိမ် ၁၀၂ လုံး အတော်လေး ပျက်စီး
ကြေညာသူ ၈၇ ယောက် ပြောင်းရွှေ့ကြရ
ဝတ်ပြုရာခန်းမ ၂ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေး လုပ်ဆောင်မှု
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ တစ်ခု ဖွဲ့စည်းထား
အသင်းတော် အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေက လိုအပ်နေတဲ့ ကြေညာသူတွေကို လက်တွေ့ကျ အကူအညီ ပေးနေကြ
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြ
ဘုရား ကတိပေးထားတဲ့ ထာဝရကောင်းချီးတွေကို စောင့်မျှော်နေရင်း ဘေးဆိုးတွေကြောင့် ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရား ဆက်ကူညီထောက်ပံ့ပေးမယ်လို့ မျှော်လင့်ပါတယ်။—၂ ကောရိန္သု ၄:၁၈။