မာတိကာဆီ ကျော်သွား

တွန်ဂါအနီး ရေအောက် မီးတောင် ပေါက်ကွဲလို့ ကျွန်းကို ပြာတွေ ဖုံး။ ဆူနာမီကြောင့် တော်တော်လေး ထိခိုက်ပျက်စီး

ဇန်နဝါရီ ၂၆၊ ၂၀၂၂
တွန်ဂါ

မီးတောင် ပေါက်ကွဲမှုနဲ့ ဆူနာမီကြောင့် တွန်ဂါမှာ အကြီးအကျယ် ပျက်စီး

မီးတောင် ပေါက်ကွဲမှုနဲ့ ဆူနာမီကြောင့် တွန်ဂါမှာ အကြီးအကျယ် ပျက်စီး

၂၀၂၂၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပစိဖိတ် သမုဒ္ဒရာ ရေအောက် မီးတောင် ပေါက်ကွဲလို့ တွန်ဂါကျွန်းတွေကို ဆူနာမီ ရိုက်ခတ်ခဲ့တယ်။ တောင်အမေရိကနဲ့ ဂျပန်နိုင်ငံအထိ အဖျားရိုက်တယ်။ ပြာတွေ ဖုံး၊ ရေတွေ ကြီးလို့ တွန်ဂါ ဒေသအတော်များများ ထိခိုက်ပျက်စီးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပါ။

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ဖွဲ့စည်းတယ်။

  • အိမ်ခေါင်းမိုးပေါ်က ပြာတွေကို ညီအစ်ကိုတွေ ရှင်းပေးကြတယ်။ ဒေသခံတွေဟာ သောက်ရေ စုဆောင်းဖို့ ခေါင်မိုးကို အားပြုကြရလို့ ဖြစ်တယ်။

  • ကယ်ဆယ်ရေး လုပ်ငန်း အားလုံးကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်။

ညီအစ်ကို/မတွေဟာ ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေ ပြန်စနေကြပြီ။ အစည်းအဝေးတွေ ပုံမှန် ကျင်းပနေကြပါပြီ။ ဘေးသင့် ညီအစ်ကို/မတွေကို ယေဟောဝါဘုရား “ကူညီမစ၊ နှစ်သိမ့်ပေး” မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—ဆာလံ ၈၆:၁၇