မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၉၊ ၂၀၁၈
ထိုင်ဝမ်

ထိုင်ဝမ်ငလျင်

ထိုင်ဝမ်ငလျင်

ဖေဖော်ဝါရီ ၆ ရက်၊ အင်္ဂါနေ့ ည၊ ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းအနီးမှာ ၆.၄ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်။ ငလျင်ကြောင့် ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ လူ ၂၅၀ ကျော် ဒဏ်ရာရပြီး ၇၆ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီဒီယာတစ်ခုက အတည်ပြုဖော်ပြပါတယ်။

ငလျင်ကြောင့် ယေဟောဝါသက်သေတစ်ဦးမှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ Amis (ထိုင်ဝမ် တိုင်းရင်းသားဘာသာစကား) ဘာသာပြန်ရုံးခွဲနဲ့ ဝတ်ပြုစည်းဝေးခန်းမတစ်ခု တည်ရှိရာ အဆောက်အဦကတော့ ထိခိုက်ပျက်စီးသွားပါတယ်။ ဒီအဆောက်အဦဟာ ထိခိုက်ပျက်စီးမှု အများဆုံး ဟွာလင်မြို့မှာ တည်ရှိတယ်။ ဘာသာပြန် ညီအစ်ကို/မတချို့ နေထိုင်တဲ့တိုက်ခန်းလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့အတွက် ရွှေ့ပြောင်းပေးထားပါတယ်။ ဒေသခံညီအစ်ကိုတွေက ငလျင်ဘေးသင့် ညီအစ်ကို/မတွေအတွက် ယာယီနေထိုင်စရာတွေ ချက်ချင်း စီစဉ်ပေးကြတယ်။ တခြားလိုအပ်ရာတွေကို ထိုင်ဝမ်ဌာနခွဲရုံးက ကူညီပေးနေပါတယ်။

အခုလို ဒုက္ခရောက်နေချိန်မှာ ငလျင်ဘေးသင့် ညီအစ်ကို/မတွေ စိတ်ငြိမ်သက်မှု ရဖို့၊ သူတို့ကို ကူညီစောင့်ရှောက်နေတဲ့ ညီအစ်ကိုတွေလည်း “လေကွယ်ရာအရပ်လို” ဖြစ်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဟေရှာယ ၃၂:၂

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Taiwan: Chen Yongdian, +886-3-477-7999