မာတိကာဆီ ကျော်သွား

သြဂုတ် ၁၁, ၂၀၁၇
ထိုင်ဝမ်

ထိုင်ဝမ်​မှာ အစားထိုး အရပ်ဘက်​ဝန်ဆောင်မှု​လုပ်ငန်း အောင်မြင်

ထိုင်ဝမ်​မှာ အစားထိုး အရပ်ဘက်​ဝန်ဆောင်မှု​လုပ်ငန်း အောင်မြင်

ထိုင်ဝမ်​မှာ ၂၀၀၀ ပြည့်နှစ်​က​စပြီး အစားထိုး အရပ်ဘက်​ဝန်ဆောင်မှု​လုပ်ငန်း အစီအစဉ်​တစ်ရပ်​ကို စတင်​ခဲ့တယ်။ အဲဒါက ​ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းပယ်​တဲ့​သူတွေ​အတွက် သူတို့ရဲ့ မှားမှန်သိစိတ်​ကို မချိုးဖောက်​ဘဲ အမျိုးသားရေး​တာဝန်ကို ကျေပွန်​စေ​ရာ ရောက်​ပါတယ်။ အဲဒီ​အစီအစဉ်​အရ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းပယ်​တဲ့​သူဟာ ဆေးရုံ၊ လူ​အို​ရုံ၊ အများ​ပြည်သူ​နဲ့​ဆိုင်တဲ့ တခြား​နေရာတွေမှာ​လုပ်ဖို့ ရွေးချယ်ခွင့် ရစေပါ​တယ်။ ဒီ​အစီအစဉ်​က ထင်တာ​ထက်ပိုပြီး အကျိုး​ရှိတယ်။ ထိုင်ဝမ် လူ့​အဖွဲ့အစည်း​အတွက်လည်း အကျိုးရှိ​သလို ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းပယ်​တဲ့​သူတွေလည်း သူတို့ရဲ့ ကြားနေမှုကြောင့် ထောင်ကျ​ခံ​စ​ရာ မလို​တော့​ဘူး။

ထိုင်ဝမ်​မှာ အစားထိုး အရပ်ဘက်​ဝန်ဆောင်မှု​လုပ်ငန်း အစီအစဉ် အစပြု​ခဲ့​ပုံ၊ ဒီ​အစီအစဉ်ကို ကန့်ကွက်​တဲ့​သူတွေရဲ့ မေးခွန်း​ကို ဖြေဆို​ထား​ပုံ​နဲ့ ဒီ​အစီအစဉ်မှာ ကိုယ်တိုင်​ပါဝင်​နေ​သူတွေရဲ့ သဘောထားတွေကို ဒီဗီဒီ​ယို​မှာ ဖော်ပြ​ထားတယ်။ ဒါရိုက်တာ မစ္စတာ ခို​အဲ​မ်​လင်း (National Conscription Agency) က “ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို တခြား​နိုင်ငံတွေ​လည်း နမူနာ​ယူပြီး လုပ်​လာ​ကြလိမ့်မယ်လို့ မျှော်လင့်​ပါတယ်” ဆိုပြီး ပြောခဲ့​ပါတယ်။