မာတိကာဆီ ကျော်သွား

ထိုင်းဌာနခွဲ ပြုပြင်မွမ်းမံရေး စီမံကိန်း ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းများ။ အပေါ်– အရင်က ဆောက်လုပ်ရေးမှာ လုပ်အားပေးခဲ့သူတွေက အခု ထိုင်းဌာနခွဲမှာ အမှုဆောင်နေကြ။ အောက်– ဆောက်လုပ်ရေး လုပ်အားပေးတစ်ယောက် (အလယ်) သတင်းကောင်းဟောပြောသူများအတွက် သင်တန်း တက်ရောက်နေ

၂၀၂၃ ခုနှစ်၊ ဇွန် ၂၈ ရက်
ထိုင်း

ထိုင်းဌာနခွဲ ဆောက်လုပ်ရေး ခေတ္တရပ်တန့်မှုကနေ မျှော်လင့်မထားတဲ့ ကောင်းချီးတွေ ရရှိခဲ့ကြ

ထိုင်းဌာနခွဲ ဆောက်လုပ်ရေး ခေတ္တရပ်တန့်မှုကနေ မျှော်လင့်မထားတဲ့ ကောင်းချီးတွေ ရရှိခဲ့ကြ

၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံ ဌာနခွဲ ဆောက်လုပ်မွမ်းမံရေး စီမံကိန်းတစ်ခု စတင်ခဲ့တယ်။ နိုင်ငံအတွင်းကရော နိုင်ငံပြင်ပကပါ လာရောက် လုပ်အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်သားတွေ နေရင်းတိုင်းပြည်ကို ပြန်သွားကြရလို့ အယောက် ၅၀ မှာ ၈ ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ပိတ်ပင်မှုတွေ ပြေလျော့လာတဲ့အခါ လုပ်ငန်း ပြန်လည်စတင်ခဲ့ကြပြီး ဒေသခံ လုပ်အားပေးအသစ်တွေကို ဖိတ်ခေါ် လေ့ကျင့်ပေးခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့မှာတော့ လုပ်ငန်းကို လက်စသတ်နိုင်ခဲ့တယ်။

ဒေသခံ လုပ်အားပေးတွေထဲမှာ ညီအစ်ကို ဆဟာဆတ် ထာဝံဆီရီခူနဲ့ ညီအစ်မ ဝါရပွန်တို့ ဇနီးမောင်နှံ ပါတယ်။ ဆောက်လုပ်ရေး အတွေ့အကြုံမရှိလို့ အစပိုင်းမှာ စိုးရိမ်ခဲ့ကြပေမဲ့ “ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အခါ သိပ်ကောင်းတဲ့ လေ့ကျင့်မှု ရရှိခဲ့ကြတယ်” ဆိုပြီး ညီအစ်ကို ဆဟာဆတ် ပြောတယ်။

စီမံကိန်းကနေ ရရှိတဲ့ ပျော်ရွှင်ကျေနပ်မှုတွေကြောင့် ဒေသခံ လုပ်အားပေး အတော်များများက တခြား အချိန်ပြည့်လုပ်ငန်းတွေမှာ ပါဝင်ဖို့ လျှောက်ကြတယ်။ တချို့က ထိုင်းဌာနခွဲနယ်မြေထဲက ဆောက်လုပ်ရေးစီမံကိန်းတွေမှာ အမှုဆောင်နေကြပြီ။ ညီအစ်မတစ်ယောက်ဆိုရင် သတင်းကောင်းဟောပြောသူများအတွက် သင်တန်း တက်ရောက်နေတယ်။ တချို့ဆိုရင် အခု ဗေသလမှာ အမှုဆောင်နေကြပါပြီ။ ဗေသလအိမ်သားသစ်တွေထဲက ညီအစ်ကို ရာဖီဖတ် ဝေါ်ရာဒက်ဆခူ အခုလို ပြောတယ်– “ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်တာကို ယုံကြည်စိတ်ချမှုနဲ့ လက်ခံရဲတယ်ဆိုတာက ဆောက်လုပ်ရေး စီမံကိန်းမှာ ယေဟောဝါရဲ့ အကူအညီကို ခံစားခဲ့ရလို့ပါ။ ဒီတာဝန်သစ်မှာလည်း ကျွန်တော့်ကို ယေဟောဝါ ကူညီပေးမှာပါ။”

ပြင်ဆင်မွမ်းမံထားတဲ့ ထိုင်းဌာနခွဲ အပေါ်စီး မြင်ကွင်း။ အပေါ်– ပြင်ဆင်ပြောင်းလဲထားတဲ့ ရုံးခန်း။ အလယ်– အသစ်ဆောက်ထားတဲ့ ပြုပြင်ထိန်းသိမ်းရေးနဲ့ သိုလှောင် အဆောက်အအုံ။ အောက်– အသစ်ဆောက်ထားတဲ့ ကားပါကင် နေရာသစ်

ထိုင်းဌာနခွဲက နေအိမ်အဆောက်အအုံတွေနဲ့ ရုံးခန်းတွေကို မွမ်းမံခဲ့တယ်။ ပြုပြင်ထိန်းသိမ်းရေးနဲ့ သိုလှောင်ရုံအတွက် အဆောက်အအုံတစ်ခုနဲ့ ကားပါကင်နေရာတစ်ခုကိုလည်း ဆောက်လုပ်ခဲ့တယ်။ ဒါ့အပြင်၊ ဌာနခွဲနားက တိုက်ခန်း ၆ ခန်းကို ဝယ်ယူခဲ့ပြီး ဗေသလမိသားစုဝင်တွေ နေနိုင်အောင် မွမ်းမံခဲ့တယ်။

ထိုင်းနိုင်ငံမှာ ယေဟောဝါရဲ့ အမှုတော်အတွက် ညီအစ်ကို/မတွေ လိုလိုလားလား ပေးဆက်နေကြတာ၊ ဆာလံ ၃၄:၈ ပါသလို “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစား” နေကြတာကို တွေ့ရလို့ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။