မာတိကာဆီ ကျော်သွား

ရစ်ဗားပြည်နယ်က ရေလွှမ်းမိုးခံရတဲ့ အိမ်တစ်လုံး

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်
နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားနိုင်ငံမှာ အဖျက်စွမ်းအားကြီး ရေလွှမ်းမိုးမှုကြောင့် ဆိုးဝါးတဲ့ဘေးဒုက္ခ ကြုံတွေ့နေ

နိုင်ဂျီးရီးယားနိုင်ငံမှာ အဖျက်စွမ်းအားကြီး ရေလွှမ်းမိုးမှုကြောင့် ဆိုးဝါးတဲ့ဘေးဒုက္ခ ကြုံတွေ့နေ

နိုင်ဂျီးရီးယားနိုင်ငံမှာ မိုးသည်းထန်လို့ နှစ်များစွာအတွင်း အဆိုးဝါးဆုံး ရေကြီး၊ ရေလျှံမှု ကြုံနေရတယ်။ အထိခိုက်ဆုံးနေရာတွေကတော့ တောင်ပိုင်းကမ်းခြေ၊ နိုင်ဂျာနဲ့ ဘန်နူးမြစ် တစ်လျှောက်ပါ။ ရေလွှမ်းမိုးမှုကြောင့် လမ်း၊ တံတားတွေပျက်စီးပြီး လူတစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်။ အနည်းဆုံးလူ ၆၀၀ သေဆုံးခဲ့တယ်။ ပျက်စီးမှုအတိုင်းအတာ ကြီးမားလွန်းတယ်လို့ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှုဌာန ဆိုတယ်။ ရေလွှမ်းမိုးဘေး အပျက်အစီးတွေကြောင့် အစားအစာရှားပါးမှု ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေ ခန့်မှန်းကြတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

    ရေကြီးတဲ့နေရာကနေ ဘေးကင်းရာကို သွားနေတဲ့ ညီအစ်ကို

  • ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၄,၀၇၄ ယောက် အိုးအိမ်စွန့်ခွာ

  • လောလောဆယ် အိမ်ခြေ ၉၀၀ ရေလွှမ်းခံရဆဲဖြစ်

  • အိမ်အလုံး ၁၈၀ ပျက်စီး

  • နိုင်ငံတော်ခန်းမ ၇၀ နဲ့ စည်းဝေးပွဲခန်းမ ၁ လုံး ရေလွှမ်းခံခဲ့ရ

ကယ်ဆယ်ရေးလုပ်ဆောင်မှု

  • ကယ်ဆယ်ရေးကော်မတီ ၄ ခု ဖွဲ့စည်း

  • အိုးအိမ်စွန့်ခွာရတဲ့ ကြေညာသူတွေကို အစားအစာ၊ ယာယီ နေရာထိုင်ခင်းနဲ့ တခြားလိုအပ်ရာတွေ ထောက်ပံ့ပေး

  • ဒေသခံအကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေက ဘေးသင့်သူတွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့အားပေး၊ လက်တွေ့ကျအကူအညီတွေ ပေး

  • ကယ်ဆယ်ရေးလုပ်ဆောင်မှုအားလုံးကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်နေ

ကျွန်တော်တို့ အသက်ရှင်နေတဲ့အချိန်ဟာ အလွန်ခက်ခဲကျပ်တည်းပေမဲ့ ယေဟောဝါက မိမိရဲ့လူမျိုးကို “ဒုက္ခရောက်ချိန်မှာ” ဆက်လက်ကူညီပေးနေပါတယ်။—ဆာလံ ၂၇:၅