မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၂၃၊ ၂၀၁၈
နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး

နိုင်ဂျီးရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘီနူမြစ်နဲ့ နိုက်ဂျာမြစ်တို့ ရေလျှံတဲ့အတွက် လူထောင်နဲ့ချီ အိုးအိမ် စွန့်ခွာရကာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ကနဦးသတင်းတွေအရ ကျွန်တော်တို့ရဲ့ ညီအစ်ကို တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဒါပေမဲ့ ရေကြီးမှုကြောင့် ကြေညာသူ ၂,၀၀၀ ထက်မနည်း အိုးအိမ် စွန့်ခွာရပါတယ်။ ဒီထဲက ၁,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေး အကူအညီ လိုအပ်နေကြပါတယ်။ အိုးအိမ် စွန့်ခွာရသူအများစုဟာ ဘေးကင်းရာဒေသတွေက ယေဟောဝါသက်သေ ယုံကြည်သူချင်းတွေဆီမှာ ခေတ္တခိုလှုံနေကြပါတယ်။

ကယ်ဆယ်ရေး အကူအညီကို ညှိနှိုင်းဆောင်ရွက်ဖို့၊ နှစ်သိမ့်အားပေးဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ဖွဲ့စည်းထားပါတယ်။ တိုက်နယ်ကြီးကြပ်မှူး၊ လုပ်ငန်းတော်ဌာနနဲ့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက ညီအစ်ကိုတွေနဲ့အတူ နိုင်ဂျီးရီးယားဌာနခွဲ ကော်မတီဝင်နှစ်ဦးလည်း ဘေးသင့်ဒေသတွေမှာရှိတဲ့ ကြေညာသူတွေကို ကူညီထောက်မဖို့ သွားရောက်ခဲ့ကြပါတယ်။

ဒီသဘာဝဘေးကြောင့် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံအဖ ယေဟောဝါဟာ ‘ဒုက္ခရောက်ချိန်မှာ ခံတပ်’ ဆက်ဖြစ်နေပါတယ်။—ဆာလံ ၃၇:၃၉