မာတိကာဆီ ကျော်သွား

သြဂုတ် ၄၊ ၂၀၁၇
နိုင်ဂျီးရီးယား

နိုင်ဂျီးရီးယားမှာ မိုးသည်းထန်စွာရွာ

နိုင်ဂျီးရီးယားမှာ မိုးသည်းထန်စွာရွာ

၂၀၁၇၊ ဇူလိုင် ၆ ရက်နေ့ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ နိုင်ဂျီးရီးယား အနောက်တောင်ဘက်မှာ မိုးသည်းထန်စွာ ရွာတဲ့အတွက် လေးဂေါစ်၊ နိုင်ဂျာနဲ့ အိုယိုပြည်နယ်တွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရတယ်။

ဒီဘေးကြောင့် ယေဟောဝါသက်သေ တစ်ယောက်မှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ လေးယောက် ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ နိုင်ဂျီးရီးယား ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက သတင်းပို့တယ်။ အဲဒီအပြင် သက်သေခံနှစ်ဦးရဲ့အိမ် အနည်းငယ် ပျက်စီးသွားကြောင်းနဲ့ နောက်တစ်လုံးကတော့ လုံးဝပျက်စီးသွားကြောင်း သိရတယ်။ နိုင်ဂျီးရီးယားက ယေဟောဝါသက်သေတွေဟာ ယုံကြည်သူချင်းတွေနဲ့ အိုးအိမ်ဆုံးရှုံးပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ သက်သေခံမဟုတ်တဲ့ အိမ်နီးချင်းတွေကိုပါ ကယ်ဆယ်ရေးပစ္စည်းတွေ ဝေမျှပေးနေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Nigeria: Paul Andrew, +234-7080-662-020