မာတိကာဆီ ကျော်သွား

သြဂုတ် ၂၅၊ ၂၀၁၇
နီပေါ

နီပေါနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့

နီပေါနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့

နီပေါနိုင်ငံမှာ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၄၀ ကျော်သေဆုံးခဲ့တယ်၊ လူထောင်နဲ့ချီ ပြောင်းရွှေ့ ခဲ့ကြရပါတယ်။ ရေကြီးမှုတွေကြောင့် အဝေးပြေးလမ်းမတွေ၊ ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့တယ်။

နီပေါနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို စီမံခန့်ခွဲပေးနေတဲ့ ဂျပန်နိုင်ငံ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက ဒီအဖြစ်အပျက်မှာ သက်သေခံတစ်ယောက်မှ သေဆုံး ထိခိုက်ဒဏ်ရာရတာ မရှိဘူး၊ ဒါပေမဲ့ ရေကြီးမှုကြောင့် အနည်းဆုံး သက်သေခံမိသားစု ၄ စုရဲ့ အိမ်တွေ ပျက်စီးသွားလို့ ပြောင်းရွှေ့ပေးခဲ့ရတယ်။ ဒေသခံ ယေဟောဝါသက်သေတွေက ပြောင်းရွှေ့ရတဲ့ ယုံကြည်သူချင်းတွေကို ကြည့်ရှုပေးနေကြတယ်လို့ သတင်းပေးပို့ပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Japan: Ichiki Matsunaga, +81-46-233-0005

Nepal: Reuben Thapaliya, +977-9813469616