မာတိကာဆီ ကျော်သွား

ပါလက်စတိုင်းနယ်မြေ

ပါလက်စတိုင်းနယ်မြေ ခြုံငုံသုံးသပ်ချက်

ပါလက်စတိုင်းနယ်မြေ ခြုံငုံသုံးသပ်ချက်

အခု ပါလက်စတိုင်းလို့ သိကြတဲ့ နယ်မြေမှာ ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါသက်သေတွေ ရှိခဲ့တာပါ။ ၁၉၂၀ ပြည့်နှစ်မှာ ရာမာလာမြို့မှာ အသင်းတော်တစ်ခု တည်ထောင်ခဲ့တယ်။ ၁၉၄၂ ခုနှစ်မှာ ဒုတိယအသင်းတော်ကို ဗက်သလီဟင်မြို့အနီးမှာ တည်ထောင်တယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းစစ်ပွဲကြောင့် နယ်မြေနှစ်ပိုင်းကွဲသွားပြီး တစ်ပိုင်းက အစ္စရေးနိုင်ငံထဲ ပါသွားတယ်။ နောက်တစ်ပိုင်းက ဂျော်ဒန်နိုင်ငံလက်အောက် ရောက်ရှိသွားတယ်။ အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်းနယ်မြေမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အနှစ် ၂၀ နီးပါး အဆက်အသွယ် မလုပ်နိုင်ခဲ့ကြဘူး။ ၁၉၆၇ ခုနှစ်၊ ခြောက်ရက်တာစစ်ပွဲပြီးနောက် အဆက်အသွယ် ပြန်ရခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ အနောက်ဘက်ကမ်းခြေဒေသမှာ လွတ်လပ်စွာ ပြန်လည်စည်းဝေးခွင့်၊ အမှုဆောင်နိုင်ခွင့် ရခဲ့ကြတယ်။

ပါလက်စတိုင်းနယ်မြေမှာ ယေဟောဝါသက်သေတွေ တရားဝင်မှတ်ပုံတင်ခွင့်ရဖို့ ကြိုးစားကြပေမဲ့ အာဏာပိုင်တွေက လျှောက်လွှာကို လက်မခံကြဘူး။ ယေဟောဝါသက်သေတွေ အတူတကွ ဝတ်ပြုနိုင်၊ ဘာသာရေးယုံကြည်ချက်အကြောင်း အိမ်နီးချင်းတွေကို ပြောပြနိုင်ကြပေမဲ့ တရားဝင်မှတ်ပုံတင် မရှိတဲ့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆုံးရှုံးကြတယ်။ အခြေခံအခွင့်အရေးတွေ ရဖို့၊ တရားဝင် အသိအမှတ်ပြုခံရဖို့ ဆက်ကြိုးစားနေကြပါတယ်။