မာတိကာဆီ ကျော်သွား

ပီယူရာမြို့ လမ်းမထက်မှာ ရေကြီးရေလျှံနေ။ အတွင်း ဘယ်ပုံ– စီယန်နန်ဂီယာမြို့က ညီအစ်ကိုတစ်ယောက်ရဲ့အိမ်ကို စေတနာ့ဝန်ထမ်းတွေ ပြုပြင်ပေးနေကြစဉ်။ အတွင်း ညာပုံ– မုန်တိုင်းဘေးသင့်မိသားစုကို ဌာနခွဲကော်မတီဝင်တစ်ဦး အားပေးနေစဉ်

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၂ ရက်
ပီရူး

ပီရူးနိုင်ငံကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ယာကူ တိုက်ခတ်

ပီရူးနိုင်ငံကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ယာကူ တိုက်ခတ်

၂၀၂၃ ခုနှစ်၊ မတ်လအစောပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ယာကူဟာ ပီရူးနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တယ်။ နှစ်ရက်ကြာ ရေကြီး၊ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် အစိုးရက နိုင်ငံရဲ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာတယ်။ ရေလွှမ်းမိုးမှုကြောင့် အိမ်၊ တံတား၊ အဝေးပြေးလမ်းတွေ ပျက်စီးသွားလို့ လူတွေ ထွက်ပြေးဖို့ ခက်ခဲသွားတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၂ ဦး ဒဏ်ရာရ

  • ကြေညာသူ ၁၀၆ ယောက် နေရပ်စွန့်ခွာ ထွက်ပြေး

  • အိမ်အလုံး ၇၀ အကြီးအကျယ် ထိခိုက်ပျက်စီး

  • အိမ်အလုံး ၁၃၀ အနည်းငယ် ထိခိုက်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၅ လုံး အကြီးအကျယ် ထိခိုက်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၅ လုံး အနည်းငယ် ထိခိုက်ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေး

  • ကယ်ဆယ်ရေးလုပ်ငန်းကို စီစဉ်ဖို့ ကယ်ဆယ်ရေးကော်မတီ ၃ ခု ဖွဲ့စည်း

“အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ဖို့ ပီရူးက ညီအစ်ကို/မတွေကို ယေဟောဝါဘုရား ကူညီပေးနေတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။—ကောလောသဲ ၁:၁၁