မာတိကာဆီ ကျော်သွား

ဇူလိုင် ၅၊ ၂၀၁၉
ပေါ်တူဂီ

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇွန် ၂၈-၃၀၊ ၂၀၁၉

  • နေရာ– ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့၊ လစ္စဘိုယာ အီ ဘန်ဖီကာ အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်၊ ပေါ်တူဂီ၊ ပေါ်တူဂီ လက်သင်္ကေတပြစကား၊ စပိန်

  • အများဆုံး တက်ရောက်သူ– ၆၃,၃၉၀

  • နှစ်ခြင်းခံသူ အရေအတွက်– ၄၅၁

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၃၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အင်ဂိုလာ၊ ဩစတြေးလျအေးရှား၊ ဘရာဇီး၊ ကနေဒါ၊ ဗဟိုအမေရိက၊ ဂါနာ၊ အိန္ဒိယ၊ မိုဇမ်ဘစ်၊ စီနီဂေါ၊ စပိန်၊ အမေရိကန်၊ ဗင်နီဇွဲလား

  • တွေ့ကြုံမှု– မစ္စတာ စန်တိုဟာ ကိုယ်စားလှယ်တွေ လည်ပတ်ကြည့်ရှုတဲ့အခါ ကားမောင်းပို့ပေးတဲ့ ဘတ်စကားမောင်းသူ ဖြစ်တယ်။ ဘတ်စကားကို ကြီးကြပ်တဲ့ ညီအစ်ကိုက အစည်းအဝေး တက်ဖို့ သူ့ကို ဖိတ်တဲ့အခါ မစ္စတာ စန်တို ဒီလိုပြောတယ်– “ကျွန်တော် သွားချင်တယ်။ ခင်ဗျားတို့နဲ့ စအလုပ်လုပ်ကတည်းက မပြောပြတတ်တဲ့ ငြိမ်းချမ်းမှုတစ်မျိုး ခံစားရတယ်။ အဲဒါ ဘယ်က လာမှန်း ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ကြောင့် ကျွန်တော် ငြိမ်းချမ်းတယ်။ အားကစားကွင်းမှာ ကျွန်တော် တစ်နေ့လုံး ရှိနေမှာပါ။ ကျွန်တော် အစည်းအဝေး တက်ချင်တယ်။” အစည်းအဝေး တက်ပြီးတဲ့အခါ အစီအစဉ်ကို တကယ် သဘောကျတယ်လို့ မစ္စတာ စန်တို ပြောပြတယ်။ သူက လစ္စဘွန်းမြို့ပြင်က ရွာတစ်ရွာမှာ နေတာ။ အစည်းအဝေးအတွင်းမှာ သူ့ရွာနဲ့ နီးတဲ့ ရွာတစ်ရွာမှာ နေတဲ့ ညီအစ်ကိုတစ်ယောက်နဲ့ တွေ့တယ်။ အိမ်ပြန်တဲ့အခါ အဲဒီညီအစ်ကိုနဲ့ တွေ့ဖို့ မစ္စတာစန်တို သဘောတူခဲ့တယ်။

 

လေဆိပ်ကို ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေ ကြိုဆိုနေကြစဉ်

ပေါ်တူဂီဌာနခွဲရုံးကို လည်ပတ်ဖို့ ကိုယ်စားလှယ်တွေ ရောက်ရှိလာကြစဉ်

ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင် အစည်းအဝေး ပထမနေ့ရဲ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

အစည်းအဝေး တက်ရောက်သူတွေ ပေါ်တူဂီ လက်သင်္ကေတပြစကားနဲ့ သီချင်းဆိုနေကြစဉ်

ညီအစ်မသစ်တစ်ယောက် နှစ်ခြင်းခံနေစဉ်

ဒေသခံ ညီအစ်မငယ်တစ်ယောက် အောင်အောင်၊ ရွှေစင်အရုပ်နဲ့အတူ ဓာတ်ပုံရိုက်နေစဉ်

ကိုယ်စားလှယ်တွေ အစည်းအဝေး နိဂုံးချုပ်သီချင်း သီဆိုနေကြစဉ်

အစည်းအဝေး နိဂုံးချုပ်မှာ နိုင်ငံအသီးသီးက လာတဲ့ အထူးအချိန်ပြည့် အမှုဆောင်တွေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်

ဒေသခံ ညီအစ်ကိုနဲ့အတူ ကိုယ်စားလှယ်တွေ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေကြစဉ်

ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေက ကိုယ်စားလှယ်တွေကို ရိုးရာအကနဲ့ ဖျော်ဖြေနေကြစဉ်

ညနေခင်း စုဆုံမှုမှာ ဖျော်ဖြေခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်