ဩဂုတ် ၈၊ ၂၀၁၉
ပြင်သစ်
ပြင်သစ်နိုင်ငံ၊ ပါရီမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
နေ့စွဲ– ဩဂုတ် ၂-၄၊ ၂၀၁၉
နေရာ– ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ပါ့ ဒီ အိတ်ပိုဆေးရှင်း ဒီ ပဲရစ် နော့ ဗီးလ်ပန့် ပြပွဲခန်းမ
ဘာသာစကား– အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရိုမေးနီးယား၊ ရုရှား၊ စပိန်
အများဆုံးတက်ရောက်သူ– ၃၇,၈၀၉
နှစ်ခြင်းခံသူ အရေအတွက်– ၂၆၅
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၅၀၀
ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဗြိတိန်၊ ကနေဒါ၊ ဗဟို ဥရောပ၊ ချီလီ၊ ကုတ်ဒီဗွား၊ အီကွေဒေါ၊ ဂရိ၊ ကာဇက်စတန်၊ မော်ဒိုဗာ၊ နယူးကယ်လီဒိုးနီးယား၊ တဟီတီ၊ အမေရိကန်၊ ဇမ်ဘီယာ
ဒေသခံတွေ့ကြုံမှု– အစည်းအဝေး ကျင်းပတဲ့နေရာရဲ့ မန်နေဂျာတစ်ယောက်က ကားတွေပိတ်နေတာကို ကြည့်ပြီး “ခင်ဗျားတို့ တစ်ခါမှ ဒေါသမထွက်ဖူးကြဘူးလား။ ယေဟောဝါသက်သေတွေ အစည်းအဝေး လုပ်နေချိန်အတွင်းမှာ ဘယ်သူမှ ဟွန်းမတီးကြဘူး။ ဒေါသ မထွက်ကြဘူး။ စိတ်မပျက်ကြဘူး။ ကြားမဖြတ်ကြဘူး” လို့ ပြောခဲ့တယ်။
ကိုယ်စားလှယ်တွေ တည်းခိုတဲ့ ဟိုတယ် ဝန်ထမ်းတစ်ယောက်က “အုပ်စု အတော်များများကို ကျွန်တော် မြင်ဖူးတယ်။ ခင်ဗျားတို့အုပ်စုကတော့ အကောင်းဆုံးပဲ။ လူတွေက ပျော်နေကြတယ်။ တကယ် နှစ်သက်စရာ ဝန်းကျင်ပါပဲ” လို့ ပြောခဲ့တယ်။
ပါရီလေဆိပ်မှာ ကိုယ်စားလှယ်တွေကို ဒေသခံညီအစ်ကို၊ ညီအစ်မတွေ ကြိုဆိုနေကြစဉ်
နာမည်ကျော် အီဖယ်မျှော်စင်နားမှာ ညီအစ်ကို၊ ညီအစ်မတွေ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေကြစဉ်
အစည်းအဝေးကျင်းပတဲ့နေရာ အပြင်ဘက်မှာ ညီအစ်ကို၊ ညီအစ်မတွေ ပေါင်းသင်းနေကြစဉ်
စနေနေ့မှာ အိမ်ထောင်သည်စုံတွဲတစ်တွဲ နှစ်ခြင်းခံနေကြစဉ်
တဟီတီ ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ အစည်းအဝေး အစီအစဉ် နားထောင်နေကြစဉ်
အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်တိုနီ မောရစ် စနေနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်
တနင်္ဂနွေနေ့ နိဂုံးချုပ်မှာ လူအုပ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေတဲ့ အထူးအချိန်ပြည့် အမှုဆောင်တွေကို ဗီဒီယိုဖန်သားပြင်မှာ တွေ့ရစဉ်
ဗေသလမှာ ညီအစ်ကိုတစ်ယောက်က ပြင်သစ်ရိုးရာ အဆာသွတ်မုန့် လုပ်ပြနေစဉ်