၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈ ရက်
ပြင်သစ်
ပြင်သစ်နိုင်ငံ ရိုအာက နိုင်ငံတကာ ရေကြောင်း ပြပွဲမှာ အများရှေ့ သက်သေခံခြင်း
ပြင်သစ်နိုင်ငံ၊ ရိုအာမှာ အာမာဒါလို့ ခေါ်တဲ့ နိုင်ငံတကာ ရေကြောင်းပြပွဲကြီးကို လေးနှစ်တစ်ကြိမ် ကျင်းပတယ်။ ကမ္ဘာတစ်ဝန်းက ရွက်လွှင့်သင်္ဘောကြီးတွေ လာဆိုက်ကြတယ်။ ဒီနှစ်မှာ ဇွန်လ ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် ခြောက်သန်းလောက် လာရောက်ကြည့်ရှုကြတယ်။ မြို့ထဲက နေရာ ၁၂ နေရာဆီ နေ့တိုင်း လက်တွန်းစင်တွေ ယူလာပြီး ယေဟောဝါသက်သေတွေ သက်သေခံကြတယ်။ ညီအစ်ကို/မ ၆၀၀ ကျော် ပါဝင်ကြပြီး လူရာချီကို သက်သေခံခွင့် ရခဲ့တယ်။
အငြိမ်းစား ဓာတ်ပုံဆရာတစ်ယောက်က လက်တွန်းစင်နား လာပြီး ယေဟောဝါသက်သေတွေက ဘယ်အချိန် ကြည့်ကြည့် ဖော်ဖော်ရွေရွေ ကြင်ကြင်နာနာ ရှိကြတယ်လို့ ချီးကျူးတယ်။ ဒါကို အခြေခံပြီး ဒီနေ့လောကမှာ မေတ္တာတရား ခေါင်းပါးနေတဲ့အကြောင်း စကားဖောင်ဖွဲ့ ဖြစ်သွားတယ်။ ၂ တိမောသေ ၃:၁-၅ ကို ဖတ်၊ ဆွေးနွေးပြီး ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ဝေငှတော့ လက်ခံတယ်။ သူ့ကလည်း ဆက်သွယ်ဖို့ လိပ်စာပေးပြီး နောက်ထပ် ဆွေးနွေးချင်တဲ့အကြောင်း ပြောတယ်။
နောက်တွေ့ကြုံမှုတစ်ခုလည်း သုံးသပ်ကြည့်ပါ။ မိန်းမငယ်တစ်ယောက် လက်တွန်းစင်နား လာပြီး “ယေရှု သေပြီး ပြန်ရှင်လာတယ်ဆိုရင် ကျွန်မတို့ ချစ်ရတဲ့ သူတွေကျတော့ ဘာလို့ ပြန်မရှင်လာသေးတာလဲ။ ဆုံးသွားတဲ့ အဘိုးနဲ့ အဘွားကို ပြန်တွေ့ချင်လှပြီ” လို့ ပြောတယ်။ ဒါနဲ့ ဝမ်းနည်းပူဆွေးနေသူတွေအတွက် နှစ်သိမ့်မှု ဗီဒီယိုကို ညီအစ်မတစ်ယောက် ပြပြီး စာစောင် ဝေလိုက်တယ်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းတော့ သူ လက်ခံတယ်။
“သတင်းကောင်းကို တခြားသူတွေဆီ ဟောနိုင်ဖို့” အချိန်နဲ့ ခွန်အားတွေ လိုလိုလားလား သုံးနေကြတဲ့ ပြင်သစ်နိုင်ငံက ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ သိပ်ကို ဂုဏ်ယူမိပါတယ်။—၁ ကောရိန္သု ၉:၂၃။