အောက်တိုဘာ ၂၉၊ ၂၀၁၈
ပြင်သစ်
ပြင်သစ်နိုင်ငံ တောင်ပိုင်းဒေသမှာ ရေကြီး
ပြင်သစ်နိုင်ငံ တောင်ပိုင်းဒေသမှာ ၂၀၁၈၊ အောက်တိုဘာ ၁၄-၁၅ ရက်တုန်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။
အဲဒီဒေသမှာ နေထိုင်တဲ့ ညီအစ်ကို/မအားလုံး ဘေးကင်းကြောင်း ပြင်သစ်ဌာနခွဲရုံးက သတင်းပေးပို့ပါတယ်။ ရေကြီးတဲ့အတွက် မိသားစုတချို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့ရတယ်။ ညီအစ်ကို/မတွေရဲ့ အိမ်ရာအဆောက်အအုံတွေ အနည်းငယ် ပျက်စီးသွားတယ်။ သုံးခုကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ ဌာနခွဲရုံးမှာရှိတဲ့ သဘာဝဘေး ကယ်ဆယ်ရေးဌာနက လိုအပ်သလို ကူညီပေးနေပါတယ်။
ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို ဖက်တွယ်ထားတဲ့ ညီအစ်ကိုတွေကို ယေဟောဝါဘုရားကလည်း အားကြီးတဲ့ လက်ရုံးတော်နဲ့ “မြဲမြဲကိုင်ထား” မယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၆၃:၈။