မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၅၊ ၂၀၂၀
ပွာတိုရီကို

ပွာတိုရီကိုမှာ ငလျင်ကြီး လှုပ်ခတ်

ပွာတိုရီကိုမှာ ငလျင်ကြီး လှုပ်ခတ်

၂၀၂၀၊ ဇန်နဝါရီ ၇ ရက်နေ့မှာ ပြင်အား ၆.၄ အဆင့်ရှိတဲ့ ငလျင် ပွာတိုရီကိုမှာ လှုပ်ခတ်သွားပြီး နောက်ဆက်တွဲ ငလျင်ရာနဲ့ချီ လှုပ်ခတ်ခဲ့တယ်။ ဇန်နဝါရီ ၁၁ ရက် မနက်မှာ ပြင်အား ၅.၉ ရှိတဲ့ ငလျင် လှုပ်ခတ်ပြန်တယ်။

လျှပ်စစ်မီးမရှိပေမဲ့ ကက်စတန်နာ လာရီအသင်းတော်မှာ အစည်းအဝေး ကျင်းပနေစဉ်

ငလျင်ဘေးသင့်ဒေသမှာ လျှပ်စစ်မီး မရကြသေးဘူး။ အန္တရာယ်မကင်းတဲ့အတွက် အိမ်ပြင်မှာပဲ နေထိုင်နေကြတယ်။ ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့ အမေရိကန် ဌာနခွဲရုံးကနေ သတင်းရပါတယ်။ ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မ ၂၄၈ ယောက်ဟာ နေအိမ်ကနေ ရွှေ့ပြောင်းကြရတယ်။ အဲဒီအပြင် ကြေညာသူတွေရဲ့ အိမ်အလုံး ၇၀ ထိခိုက်ပျက်စီးမှု ရှိတယ်။ အိမ် ၈ လုံးကတော့ လုံးလုံးပျက်စီးသွားတယ်။ ဝတ်ပြုရာခန်းမ ဆယ်လုံးလည်း ထိခိုက်ပျက်စီးမှု ရှိတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခုနဲ့ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေ စီစဉ်ပေးနေကြတယ်။ ဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို ကျမ်းစာနဲ့ အားပေးနေကြပါတယ်။

ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့လည်း ညီအစ်ကို၊ ညီအစ်မတွေဟာ ဝတ်ပြုရေး လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ဆောင်နေကြတယ်။ အမေရိကန်ဌာနခွဲရုံး လူထုသတင်းအချက်အလက်ဌာနက ညီအစ်ကို ရောဘတ် ဟန်ဒရစ် ဒီလိုရှင်းပြတယ်– “ဒီလို သဘာဝဘေးမျိုးကို ပွာတိုရီကိုမှာ မကြုံဖူးဘူး။ ဒါကြောင့် ညီအစ်ကို၊ ညီအစ်မတွေဟာ အတော်လေး စိတ်သောက ရောက်ကြတယ်။ ဒါပေမဲ့ အပြုသဘောထားနဲ့ တုံ့ပြန်နေကြတာကို တွေ့ရလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ လျှပ်စစ်မီးနဲ့ ရေပြတ်လပ်နေပေမဲ့ အတတ်နိုင်ဆုံး အစည်းအဝေးတွေ တက်ရောက်ပြီး အမှုဆောင်မှာ ပါဝင်နေကြတယ်။ အကူအညီ လိုအပ်နေသူတွေကို အကြီးအကဲတွေ ကူညီပေးနေကြတယ်။ ကျမ်းစာနဲ့ အားပေးနှစ်သိမ့်နေကြပါတယ်။”

နောက်ဆွဲတွဲငလျင်တွေကြောင့် ညီအစ်ကို၊ ညီအစ်မများစွာဟာ အိမ်ပြင်မှာ နေထိုင်နေကြစဉ်

ဒီသဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနေကြရပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ ဘုရားရေးရာတွေကို တန်ဖိုးထားကြတာ တွေ့ရလို့ ကျွန်တော်တို့ အားရှိတယ်။ ယေဟောဝါဘုရားက သူတို့ကို စိတ်ငြိမ်သက်မှု ဆက်ပေးသနားဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဆာလံ ၁၁၉:၁၆၅