စက်တင်ဘာ ၂၅၊ ၂၀၁၇
ပွာတိုရီကို
ပွာတိုရီကိုကို ဟာရီကိန်း မာရီယာတိုက်ခတ်ပြီးနောက် နောက်ဆုံးရ သတင်း
၂၀၁၇၊ စက်တင်ဘာ ၂၅၊ ပွာတိုရီကိုမှာ တိုက်နယ်ကြီးကြပ်မှူး ၁၉ ယောက်ရှိတဲ့အထဲက ၁၅ ယောက်ဆီက သတင်းအချက်အလက်တွေ ရရှိထားပါပြီ။ ဟာရီကိန်း မာရီယာကြောင့် ညီအစ်ကိုတစ်ယောက်ပဲ ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိပါတယ်။ ကျွန်းရဲ့ အနောက်ဘက်အခြမ်းက တိုက်နယ်ကြီးကြပ်မှူး လေးယောက်ဆီက အဆက်အသွယ် မရနိုင်တဲ့အတွက် သတင်းမရရှိသေးပါ။ အနီးနားတိုက်နယ်က ညီအစ်ကိုတွေက အနောက်ဘက်ခြမ်းကို သွားပြီး အခြေအနေ စုံစမ်းဖို့အတွက် မော်တော်ဆိုင်ကယ်တွေ၊ လမ်းကြမ်းသွားယာဉ်တွေကို ရှာဖွေဝယ်ယူနေကြပါတယ်။
ကျွန်တော်တို့ ချစ်ရတဲ့ ညီအစ်ကို/မတွေအတွက် ဆက်ဆုတောင်းပေးနေကြပါတယ်။—ယာကုပ် ၅:၁၆။
Media Contact:
David A. Semonian, Office of Public Information, +1-845-524-3000