မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၄၊ ၂၀၁၇
ဖင်လန်

ဖင်လန်​နိုင်ငံ၊ တာ​ကူ​မြို့မှာ ယေဟောဝါသက်သေတွေ လူထုရှေ့​သက်သေခံခြင်း​လုပ်ငန်း ပြန်လည်​လုပ်ဆောင်

ဖင်လန်​နိုင်ငံ၊ တာ​ကူ​မြို့မှာ ယေဟောဝါသက်သေတွေ လူထုရှေ့​သက်သေခံခြင်း​လုပ်ငန်း ပြန်လည်​လုပ်ဆောင်

ဟ​ယ်​လင်​စ​ကီ။ ၂၀၁၇၊ ဩဂုတ် ၁၈ ရက်​နေ့၊ ဖင်လန်​နိုင်ငံ၊ တာ​ကူ​မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှု​ဖြစ်ပွား​ပြီး ရက်​အနည်းငယ်​အကြာမှာ ယေဟောဝါ​သက်သေတွေကို ဈေး​ရင်ပြင်မှာ လူထုရှေ့ သက်သေခံခြင်း​လုပ်ငန်း ပြန်​လုပ်ဖို့ မြို့​အရာရှိတွေ​က ခွင့်ပြုခဲ့တယ်။

တာ​ကူ​မြို့ ဈေး​ရင်ပြင် ကြီးကြပ်ရေးမှူး​ဖြစ်သူ မစ္စတာ တီ​မူ ရ​စ္စ​န​န် ဒီလို​ပြောတယ်– “ယေဟောဝါ​သက်သေတွေဟာ ရင်ပြင်မှာ အမြဲတမ်း​လို​လို ရှိနေတဲ့​အတွက် မြို့​အင်္ဂါရပ်​တစ်ခု​လို ဖြစ်နေပြီ။ အရင်တုန်းက၊ ရင်ပြင်မှာ သက်သေခံတွေကို မ​တွေ့​ရင် မြို့သားတွေ​က ‘သူတို့ ဘယ်မှာ​များ​လဲ’ လို့ စိုးရိမ်​လာကြတယ်။ ယေဟောဝါ​သက်သေတွေဟာ ကြင်နာတယ်။ အပြုသဘောထား ရှိတယ်။ ဒီ​ရင်ပြင်မှာ ရှိနေ​သင့်တဲ့ သူတွေပါ။”

ဖင်လန်​ဌာနခွဲရုံး​က ပြောရေးဆိုခွင့်​ရှိသူ ဗစ်​ကို လင်​နို​နင် ဒီလို​ပြောတယ်– “ကျွန်တော်တို့ကို မြို့​အရာရှိတွေ ကြင်နာစွာ ဆက်ဆံ​ကြ​တဲ့​အတွက်၊ တာ​ကူ​မြို့သားတွေ​က​လည်း ကျွန်တော်တို့ကို စိုးရိမ်​ပေး​ကြ​တဲ့​အတွက် ကျေးဇူးတင်ပါတယ်။ လုံခြုံမှု​လည်း​ရှိ အမိုး​အကာ​လည်း​ရတဲ့ ယာယီ​တဲ​တစ်ခုကို​တောင် အရာရှိတွေ အသုံးပြုခွင့် ပေးခဲ့တယ်။ တာ​ကူ​မြို့သူ/သားတွေကို ကျမ်းစာပါ နှစ်သိမ့်မှု​ဖြစ်စေတဲ့ သတင်းစကားကို ကျွန်တော်တို့ ဆက်​ဝေမျှ ပေးနေ​ကြပါ​ပြီ။”

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Finland: Veikko Leinonen, +358-400-453-020