မာတိကာဆီ ကျော်သွား

စက်တင်လာ ၄၊ ၂၀၁၇
ဖင်လန်

ဖင်လန်နိုင်ငံ၊ တာကူမြို့မှာ တိုက်ခိုက်မှု ကြုံရပြီးနောက် ယေဟောဝါသက်သေတွေ နှစ်သိမ့်ပေးကြ

ဖင်လန်နိုင်ငံ၊ တာကူမြို့မှာ တိုက်ခိုက်မှု ကြုံရပြီးနောက် ယေဟောဝါသက်သေတွေ နှစ်သိမ့်ပေးကြ

ဟယ်လ်စင်ကီ။ ၂၀၁၇၊ ဩဂုတ် ၁၈၊ သောကြာနေ့ မွန်းလွဲပိုင်းမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖင်လန်နိုင်ငံက ကျွန်တော်တို့ရဲ့ ညီအစ်မတစ်ယောက် သေဆုံးခဲ့တယ်။ ညီအစ်မအပြင် တခြားအမျိုးသမီးတစ်ဦးလည်း သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဖင်လန်နိုင်ငံ အနောက်တောင်ဘက် ကမ်းခြေမြို့ တာကူ ဈေးရင်ပြင်တစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ တိုက်ခိုက်မှု ပြီးတာနဲ့ ဖင်လန်ဌာနခွဲရုံးက ကိုယ်စားလှယ်တွေ၊ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံအကြီးအကဲတွေက ထိခိုက်သွားတဲ့သူတွေကို နှစ်သိမ့်အားပေးခဲ့ကြတယ်။

ဖင်လန်ဌာနခွဲရုံးက ပြောရေးဆိုခွင့်ရှိသူ ဗစ်ကို လင်နိုနင်က “တကယ့်ကို စိတ်မကောင်းစရာ၊ ထိတ်လန့်စရာပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ညီအစ်မ လူထုရှေ့သက်သေခံနေတုန်း အသတ်ခံလိုက်ရတဲ့အတွက် ပိုစိတ်မကောင်း ဖြစ်ရတယ်။ သတိနဲ့နေတာတောင် အကြမ်းဖက်မှုတွေ အပါအဝင် ‘မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ’ ကို မရှောင်လွဲနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အချင်းချင်း၊ အထူးသဖြင့် ဆုံးသွားတဲ့ ညီအစ်မရဲ့ မိသားစုကို ဆက်ပြီး နှစ်သိမ့်ပေးနေပါတယ်။ ဒီစိတ်မကောင်းစရာ ဆုံးရှုံးမှုကြောင့် ကြေကွဲနေသူတွေကို ယေဟောဝါ စိတ်ငြိမ်သက်မှု ပေးဖို့ ဆုတောင်းပေးကြပါတယ်။ သက်သေခံလုပ်ငန်း ရှေ့ဆက်လုပ်ဆောင်နေချိန်မှာ အစိုးရိမ်မလွန်ဘဲ လက်တွေ့ကျကျ ဆက်လုပ်ဆောင်သွားကြမှာပါ။”​—ဒေသနာ ၉:၁၁။ ရောမ ၁၅:၁၃။ ဖိလိပ္ပိ ၄:​၆၊ ၇

ဌာနခွဲရုံးက ဖင်လန်နိုင်ငံမှာရှိတဲ့ အသင်းတော်အားလုံးဆီ စာရေးပြီး စိတ်ပိုင်းနဲ့ ဘုရားရေးရာပိုင်း နှစ်သိမ့်အားပေးခဲ့တယ်။ တာကူမြို့ လူထုရှေ့ သက်သေခံခြင်းလုပ်ငန်းမှာ ပါဝင်ကူညီပေးနေကြတဲ့ ညီအစ်ကို/မ ၁၃၅ ယောက်ကို အားပေးတဲ့ အထူးအစည်းအဝေးတစ်ခုကိုလည်း ဌာနခွဲရုံးက စီစဉ်ပေးခဲ့တယ်။ ရှေ့ဆောင်တွေဟာ လူထုသက်သေခံခြင်းမှာ သတ္တိရှိရှိ ဆက်ပါဝင်ဖို့ စိတ်ထက်သန်နေကြပါတယ်။

ကမ္ဘာ့အလုံခြုံဆုံးနေရာအဖြစ် သတ်မှတ်ခံရတဲ့ ဖင်လန်နိုင်ငံမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် တာကူမြို့သူ/သားများစွာဟာ အတော်စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ကြတယ်။ တိုက်ခိုက်မှု ပြီးတာနဲ့ ညီအစ်ကိုတွေဟာ ဈေးရင်ပြင်နဲ့ တစ်အိမ်တက်ဆင်း အမှုဆောင်လုပ်ငန်းမှာ သက်သေခံတဲ့အခါ လူတွေရဲ့ စကားတွေကို စာနာစိတ်နဲ့ နားထောင်ပေးပြီး ကျမ်းစာနဲ့ နှစ်သိမ့်ပေးခဲ့ကြတယ်။

ကမ္ဘာတစ်ဝန်းက ညီအစ်ကိုတွေရဲ့ ဆုတောင်းပေးမှု၊ အားပေးစာတွေအတွက် ဖင်လန်ဌာနခွဲရုံးက ကျေးဇူးတင်ပါတယ်။ (၁ ပေတရု ၂:၁၇။ ၅:၉) အထူးသဖြင့် “ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရားသခင်” ယေဟောဝါကို ကျေးဇူးတင်ပါတယ်။​—ရောမ ၁၅:၅

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Finland: Veikko Leinonen, +358-400-453-020