မာတိကာဆီ ကျော်သွား

နိုရူမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ရေကြီးရေလျှံ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်
ဖိလစ်ပိုင်

တိုင်ဖွန်းမုန်တိုင်းနိုရူ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်းနိုရူ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှာ ကာဒင်လို့ ဖိလစ်ပိုင်မှာ ခေါ်ကြတဲ့ အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းနိုရူဟာ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုန်ပြည်နယ်မှာရှိတဲ့ ပိုလီလိုကျွန်းကို ဝင်ရောက်ခဲ့တယ်။ အဲဒီနောက် အော်ရိုးရာပြည်နယ်ကို ဝင်ရောက်တိုက်ခတ်တယ်။ မုန်တိုင်းက တစ်နာရီ ၁၂၁ မိုင်နှုန်းနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၄၉ မိုင် ရှိခဲ့တယ်။ မုန်တိုင်းကြောင့် အဆောက်အအုံ၊ လမ်း၊ တံတားတွေ ထိခိုက်ပျက်စီးခဲ့ပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ အသက်သေဆုံးခြင်းမရှိ

  • မိသားစု ၁၈၀ ဘေးလွတ်ရာထွက်ပြေး

  • အိမ် ၂၀၉ လုံး အနည်းအကျဉ်း ပျက်စီး

  • အိမ်အလုံး ၂၀ ဆိုးဆိုးဝါးဝါး ပျက်စီး

  • အိမ် ၂၂ လုံး လုံးဝ ပျက်စီး

  • နိုင်ငံတော်ခန်းမ ၇ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော်ခန်းမ ၁ လုံး ဆိုးဆိုးဝါးဝါး ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂ ခုဖွဲ့စည်း

  • ဒေသခံ အကြီးအကဲတွေဟာ ဘေးသင့်မိသားစုတွေဆီ လည်ပတ်၊ ကျမ်းစာနဲ့အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးကြ

  • ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေကြ

ယေဟောဝါဘုရားဆီ ခိုလှုံနေကြတဲ့ မုန်တိုင်းဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေအတွက် ဆက်ဆုတောင်းပေးနေပါတယ်။—ဆာလံ ၅၇:၁