မာတိကာဆီ ကျော်သွား

ဖိလစ်ပိုင်၊ မနီလာမြို့က အစည်းအဝေးခန်းမ နှစ်လုံး ရေကြီးနေစဉ်

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်
ဖိလစ်ပိုင်

တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် ဖိလစ်ပိုင်အနှံ့ ရေကြီးရေလျှံ

တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် ဖိလစ်ပိုင်အနှံ့ ရေကြီးရေလျှံ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း၊ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ဂေမီ a စတင်တိုက်ခတ်တယ်။ အားပြင်းတဲ့ ဒီတိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဝင်ရောက်ခြင်း မရှိပေမဲ့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြို့တော် မနီလာနဲ့ အနီးတစ်ဝိုက်မှာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်။ ဘေးသင့်သူ ၄.၈ သန်းခန့် ရှိတယ်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းသူ ၆၀၀,၀၀၀ ကျော်ရှိပြီး ၃၉ ယောက်ထက်မနည်း သေဆုံးသွားတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိ

  • ကြေညာသူ ၁၅၅ ယောက် ဘေးလွတ်ရာရွှေ့ပြောင်း၊ အများစု နေအိမ်ဆီ ပြန်ရောက်ပြီ

  • အိမ် ၂ လုံး လုံးဝပျက်စီး

  • အိမ် ၁၁ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၄၂ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁၁ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ခြောက်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

ဘယ်– ဘေးသင့်သူတွေအတွက် ညီအစ်ကို၊ ညီအစ်မတွေ ကယ်ဆယ်ရေးပစ္စည်းတွေ ထုပ်ပိုးပြင်ဆင်နေကြ (အပေါ်)၊ သောက်ရေ ပို့ပေးနေကြ (အောက်)

ညာ– ရေဘေးသင့် ညီအစ်မကို ညီအစ်ကိုတစ်ယောက် ကယ်ဆယ်ရေးပစ္စည်း ပေးနေ

တိုင်ဖွန်းမုန်တိုင်းကြောင့် ဘေးသင့်သူအားလုံးအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ ညီအစ်ကို/မတွေကို နှစ်သိမ့်ထောက်မပေးရှင်၊ “ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့အရှင်” ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပါတယ်။—ဟေရှာယ ၃၃:၆

a ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကို စူပါတိုင်ဖွန်း ကာရီနာအဖြစ် လူသိများတယ်။