ဧပြီ ၂၆, ၂၀၁၇
ဖိလစ်ပိုင်
နော့ခ်တဲန်း မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် သက်သေခံတွေက ပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းကို ညှိနှိုင်းဆောက်ရွက်ကြ
ဖိလစ်ပိုင်၊ မနီလာမြို့။ နော့ခ်တဲန်း မုန်တိုင်းကြီး (ဒေသခံတွေက “နီနာ” လို့ခေါ်) တိုက်ခတ်သွားလို့ ပျက်စီးခဲ့တဲ့ အိမ်တွေကို ပြုပြင်ဆောက်လုပ်ပေးဖို့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး စီမံကိန်းကြီးတစ်ခုကို ဖိလစ်ပိုင်က ယေဟောဝါသက်သေတွေ ဆောင်ရွက်ခဲ့ကြတယ်။
၂၀၁၆ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အဆင့် ၄ ရှိတဲ့ နော့ခ်တဲန်း မုန်တိုင်းဟာ ဘီကိုလ်ဒေသကို တိုက်ခတ်သွားလို့ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်။ သတင်းတွေအရ လူ ၁၀ ဦး သေဆုံးတယ်၊ အဆောက်အဦ ၃၉၀,၀၀၀ ပျက်စီးသွားတယ်။ အဲဒီဒေသမှာ ယေဟောဝါသက်သေ တစ်ယောက်မှ အပြင်းအထန် ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပေမဲ့ သက်သေခံတွေရဲ့ အိမ် ၃၀၀ ကျော်နဲ့ (နိုင်ငံတော်ခန်းမ လို့ခေါ်တဲ့) ဝတ်ပြုစည်းဝေးတဲ့နေရာ ၂၄ လုံးဟာ အနည်းငယ် ပျက်စီးတာ ဒါမှမဟုတ် လုံးဝ ပျက်စီးတာမျိုး ရှိတယ်။ ဘေးသင့်တဲ့ သက်သေခံ မိသားစုတွေကို ကူညီပေးနိုင်ဖို့ ယေဟောဝါသက်သေတွေရဲ့ ဖိလစ်ပိုင် ဌာနခွဲရုံးက သဘောဝဘေး ကယ်ဆယ်ရေး ကော်မတီကို နာဂါမြို့မှာ ဖွဲ့စည်းခဲ့သည်။
“ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီပေးကြတဲ့ စေတနာ့ဝန်ထမ်းတွေဟာ အခုအချိန်အထိ ယုံကြည်သူချင်းတွေရဲ့ အိမ် ၂၇၁ လုံးနဲ့ နိုင်ငံတော် ခန်းမ ၂၂ လုံးကို ပြုပြင်ပေးခဲ့ကြပြီ။ ကယ်ဆယ်ရေးအဖွဲ့မှာပါတဲ့ ဆောက်လုပ်ရေး ညီအစ်ကိုတွေဟာ ကျန်တဲ့ အိမ် ၃၈ လုံးနဲ့ နိုင်ငံတော်ခန်းမ ၂ လုံးကို ၂၀၁၇ ဧပြီလ အကုန်မှာ အပြီးဆောက်ပေးဖို့ ပန်းတိုင်ထားတယ်” ဆိုပြီး ဖိလစ်ပိုင်က ယေဟောဝါသက်သေတွေအတွက် ပြောရေးဆိုခွင့်ရှိသူ ဒင်းဂျေစက်က ပြောတယ်။
ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းထဲမှာ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းလည်း ပါဝင်တယ်။ အဲဒီကမ္ဘာချီလုပ်ငန်းကို အုပ်ချုပ်ရေးအဖွဲ့က စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လုပ်ဆောင်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ ယေဟောဝါသက်သေ ရှစ်သန်းကျော်ရှိတဲ့အနက် ၂၀၉,၀၀၀ ကျော်ဟာ ဖိလစ်ပိုင်မှာ ရှိကြတယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ဖိလစ်ပိုင်- ဒင်း ဂျေစက်, +63-2-224-4444