မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၀၊ ၂၀၂၀
ဖိလစ်ပိုင်

ပြာပူတွေ မှုတ်ထုတ်နေတဲ့ ဖိလစ်ပိုင်ကမီးတောင် ပေါက်ကွဲမယ့် အန္တရာယ်ရှိနေ

ပြာပူတွေ မှုတ်ထုတ်နေတဲ့ ဖိလစ်ပိုင်ကမီးတောင် ပေါက်ကွဲမယ့် အန္တရာယ်ရှိနေ

ဖိလစ်ပိုင်နိုင်ငံ၊ ဘက်တန်ဂတ်မြို့က တာအားလ်မီးတောင်ဟာ ၂၀၂၀၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လေထုထဲ ၉ မိုင် (ဆယ့်လေး ကီလိုမီတာ) အမြင့်လောက်အထိ ပြာပူတွေ မှုတ်ထုတ်နေတဲ့အတွက် “အန္တရာယ်ရှိတဲ့ မီးတောင်ပေါက်ကွဲမှု” ဖြစ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ ဒီမီးတောင်ဟာ နိုင်ငံအတွင်း အလှုပ်ရှားဆုံး မီးတောင်တစ်ခု ဖြစ်တယ်။ မီးတောင်အနီးပတ်ဝန်းကျင်က သောင်းနဲ့ချီတဲ့သူတွေကို ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေ သတိပေးထားတယ်။

ညီအစ်ကို၊ ညီအစ်မ ၅၀၀ ကျော်ဟာ အန္တရာယ်ကင်းတဲ့ ဒေသက ဝတ်ပြုရာခန်းမတွေ၊ တခြားယေဟောဝါသက်သေတွေရဲ့ အိမ်တွေမှာ ရွှေ့ပြောင်း နေထိုင်ကြရတယ်။ ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူး။ မီးတောင်ဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေကို အကူအညီပေးဖို့ ဌာနခွဲကော်မတီက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းပေးထားပါတယ်။

“ငါတို့ရဲ့ခိုလှုံရာ၊ ငါတို့ရဲ့အစွမ်းခွန်အား” ဖြစ်တဲ့ ယေဟောဝါဘုရားကို ဖိလစ်ပိုင်က ညီအစ်ကို၊ ညီအစ်မတွေ ဆက်ယုံကြည်ကိုးစားကြစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ဆာလံ ၄၆:၁-၃