ဇန်နဝါရီ ၂၊ ၂၀၂၀
ဖိလစ်ပိုင်
ဖန်ဖောနာမုန်တိုင်း ဖိလစ်ပိုင်ကို တိုက်ခတ်
ဖိလစ်ပိုင်နိုင်ငံမှာ အာဆူလာလို့လည်း ခေါ်တဲ့ ဖန်ဖောနာမုန်တိုင်းဟာ ၂၀၁၉၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဆာမာပြည်နယ် အရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ယေဟောဝါသက်သေ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူး။ ဒါပေမဲ့ ယေဟောဝါသက်သေတွေရဲ့အိမ် ၄၆၄ လုံးနဲ့ ဝတ်ပြုရာခန်းမ ၆ လုံး ထိခိုက်ပျက်စီးသွားတယ်။ ဖိလစ်ပိုင် ဌာနခွဲရုံးက သဘာဝဘေးကယ်ဆယ်ရေး ကော်မတီ ငါးခု ဖွဲ့စည်းထားပြီး မုန်တိုင်းဘေးဘင့်ကျွန်းတွေမှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် လိုအပ်ရာတွေ ပြင်ဆင်ပေးတဲ့အပြင် ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။
မုန်တိုင်း ဖန်ဖောနာဟာ ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၂၁ ခုမြောက် မုန်တိုင်းဖြစ်တယ်။ မကြာသေးခင်တုန်းကလည်း နိုင်ငံတောင်ပိုင်းမှာ ငလျင်တွေ လှုပ်ခတ်သွားခဲ့သေးတယ်။ ဒါကြောင့် အခုလောလောဆယ် ဖိလစ်ပိုင်မှာ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၁၈ ခု ဖွဲ့စည်းထားပါတယ်။
ဖိလစ်ပိုင်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေဟာ “အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီး” တဲ့ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပြီး ခံနိုင်ရည် ဆက်တင်ပြနေကြတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။—ယာကုပ် ၅:၁၁။