မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၃၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင်ကို မုန်တိုင်း ဝင်ရောက် မွှေနှောက်

ဖိလစ်ပိုင်ကို မုန်တိုင်း ဝင်ရောက် မွှေနှောက်

ဖိလစ်ပိုင်နိုင်ငံမှာ တစ်ဆွိုင်းလို့ ခေါ်တဲ့ ကမ်မူရီ မုန်တိုင်းဟာ ၂၀၁၉၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ လူဇုန်ကျွန်းတောင်ပိုင်း ဘီကိုပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ယေဟောဝါသက်သေတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိပေမဲ့ အိမ် ၁၀၈ လုံး ပျက်စီးသွားပြီး ၄၇၈ လုံးကတော့ အနည်းငယ် ပျက်စီးတယ်။ ဝတ်ပြုရာခန်းမ ၁၅ လုံးလည်း ထိခိုက်ပျက်စီးမှု ရှိတယ်။

မုန်တိုင်းဘေးသင့်တဲ့နယ်မြေ ကြီးမားတဲ့အတွက် ညီအစ်ကို၊ ညီအစ်မတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးဖို့၊ လိုအပ်ရာတွေ ထောက်ပံ့ပေးဖို့ ဖိလစ်ပိုင် ဌာနခွဲရုံးက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ရှစ်ခု ဖွဲ့စည်းပေးထားတယ်။

ဖိလစ်ပိုင်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ‘ဒုက္ခရောက်ချိန်မှာ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးပါစေ။ ဘုရားက အကူအညီကို သန့်ရှင်းရာအရပ်ကနေ စေလွှတ်ပေးပါစေ’ လို့ ပြောခဲ့တဲ့ ဆာလံဆရာလို တောင်းလျှောက်ကြပါတယ်။—ဆာလံ ၂၀:၁၊ ၂