မာတိကာဆီ ကျော်သွား

ညီအစ်ကိုတွေရဲ့ ပျက်စီးသွားတဲ့နေအိမ် ၁၉၅ လုံးထဲက တစ်လုံး

နိုဝင်ဘာ ၁၈၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင်တောင်ပိုင်းမှာ ငလျင်တွေ ဆက်တိုက်လှုပ်

ဖိလစ်ပိုင်တောင်ပိုင်းမှာ ငလျင်တွေ ဆက်တိုက်လှုပ်

၂၀၁၉၊ အောက်တိုဘာ ၁၆ ရက်ကတည်းက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အင်အားပြင်း ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့တယ်။ လူ ၂၁ ယောက် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့တယ်။ ၃၅,၀၀၀ ကျော်က နေအိမ်တွေကနေ ပြောင်းရွှေ့ခဲ့ကြရတယ်။ အဲဒီငလျင်တွေထဲက အနည်းဆုံး သုံးခုဟာ ပြင်းအား ၆.၀ ကျော်ရှိတယ်။ အဲဒီဒေသမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်လှုပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း မရှိပေမဲ့ ညီအစ်မတစ်ယောက်တော့ ဒဏ်ရာအနည်းငယ် ရသွားတယ်။

ဝတ်ပြုရာခန်းမ ၄ လုံးနဲ့ ညီအစ်ကိုတွေရဲ့နေအိမ် ၁၉၅ လုံးက တော်တော်လေး ပျက်စီးသွားတယ်။ ဝတ်ပြုရာခန်းမ ၉ လုံးနဲ့ နေအိမ် ၃၅၁ လုံးကတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်။ ညီအစ်ကို၊ ညီအစ်မများစွာဟာ အိမ်ထဲမှာနေရတာ စိတ်မချလို့ တဲတွေနဲ့ နေကြရတယ်။

ဖိလစ်ပိုင်ဌာနခွဲရုံးက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ပေးဖို့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ နှစ်ခုကို တာဝန်ပေးထားတယ်။ ဌာနခွဲကော်မတီဝင် သုံးဦးပါဝင်တဲ့ ဌာနခွဲကိုယ်စားလှယ် ခြောက်ဦးဟာ ကျမ်းစာနဲ့ နှစ်သိမ့်အားပေးဖို့ ဘေးသင့်တဲ့နေရာကို သွားရောက်ခဲ့ကြတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရား ဆက်ကူညီပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ဆာလံ ၇၀:၅