မာတိကာဆီ ကျော်သွား

မက်ထရို မနီလာ၊ တာဂစ်မြို့က မီးဘေးသင့် ညီအစ်ကိုတွေရဲ့ အိမ်များ

မေ ၂၁၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံမှာ မီးဘေးကြောင့် နေအိမ်များ ဆုံးရှုံး

ဖိလစ်ပိုင်နိုင်ငံမှာ မီးဘေးကြောင့် နေအိမ်များ ဆုံးရှုံး

ဖိလစ်ပိုင်နိုင်ငံ၊ ဆာမာကျွန်း၊ ကယ်ဘာယိုမြို့မှာ ၂၀၁၉၊ မတ်လအတွင်း နေအိမ် ၁၂၈ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်။ ပြီးခဲ့တဲ့လကလည်း လူဇုန်ကျွန်း၊ တာဂစ်မြို့မှာ မီးလောင်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ နေအိမ်ခုနစ်လုံး မီးထဲ ပါသွားတယ်။ မီးဘေးသင့် ညီအစ်ကို/မတွေဟာ မီးဘေးမသင့်တဲ့ သက်သေခံတွေအိမ်မှာ လောလောဆယ် နေထိုင်ကြတယ်။

ဌာနခွဲရုံးက အစာရေစာနဲ့ အဝတ်အစားတွေ ပို့ပေးဖို့ ချက်ချင်း စီစဉ်တယ်။ နယ်ခံအကြီးအကဲတွေကလည်း မီးဘေးသင့် ညီအစ်ကို/မတွေဆီ လည်ပတ်ပြီး လိုအပ်သလို ကူညီပေးကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနှစ်ခုဟာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ မီးဘေးသင့် ညီအစ်ကို/မတွေအတွက် အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြင်ဆင်နေပါပြီ။

ဒီမီးဘေးသင့် ညီအစ်ကို/မတွေအတွက် ယေဟောဝါဟာ ခိုလှုံရာ ဖြစ်နေမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၆၂:၈