မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၃၊ ၂၀၂၀
ဖိလစ်ပိုင်

ဖိလစ်ပိုင်မှာ အားပြင်း မုန်တိုင်းသင့် ဒေသတွေမှာ တိုင်ဖွန်း ဗမ်ကို ထပ်မံဝင်ရောက်

ဖိလစ်ပိုင်မှာ အားပြင်း မုန်တိုင်းသင့် ဒေသတွေမှာ တိုင်ဖွန်း ဗမ်ကို ထပ်မံဝင်ရောက်

တည်နေရာ

လူဇုန်ကျွန်း

သဘာဝဘေး

  • ၂၀၂၀၊ နိုဝင်ဘာ ၁၁ ရက်တုန်းက ကွီဇုန်ဒေသ၊ ပက်နနန်ဂန်ကျွန်းမှာ ယူလီစီလို့လည်း ခေါ်တဲ့ တိုင်ဖွန်း ဗမ်ကို ဝင်ရောက်တိုက်ခတ်မှုကြောင့် လူဇုန်ကျွန်းပေါ်က ဒေသများစွာ အပျက်အစီး များပြားခဲ့တယ်

  • တိုင်ဖွန်း ဗမ်ကိုဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်မွှေခဲ့တဲ့ ၂၁ လုံးမြောက် အပူပိုင်း ဆိုင်ကလုန်း ဖြစ်ပြီး စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ခဲ့တယ်

  • ၂၀၁၃ နောက်ပိုင်း ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့တဲ့ အားအပြင်းဆုံး မုန်တိုင်း စူပါတိုင်ဖွန်း ဂိုနီ တိုက်ခတ်ပြီး နှစ်ပတ်မပြည့်ခင် ဒီတိုင်ဖွန်း ထပ်မံဝင်ရောက်ခြင်းကြောင့် လူဇုံကျွန်း ဒေသအတော်များများ ရစရာမရှိ ပျက်စီးခဲ့ရတယ်

  • မုန်တိုင်းတွေနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပင်မ ရေကာတာမှာ ရေပမာဏ မြင့်တက်လာပြီး ကျိုးပေါက်မယ့် အန္တရာယ် ရှိနေတယ်။ ဒါကြောင့် ရေကာတာကို အာဏာပိုင်တွေ ဖောက်ချလိုက်တဲ့အတွက် တိုင်ဖွန်း ဗမ်ကို မထိတဲ့ ဒေသတွေမှာ ရေကြီးရေလျှံခဲ့

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ရေကြီးရေလျှံမှုကြောင့် မိသားစု ၆၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ရတယ်။ ရေမြင့်တက်လာတဲ့အတွက် တချို့က ကယ်ဆယ်ရေးအဖွဲ့ မရောက်လာခင်အထိ အိမ်ခေါင်မိုးပေါ် တက်နေရတယ်

  • မှန်ကွဲစ လာမှန်လို့ ညီအစ်ကိုငယ်တစ်ဦး ဒဏ်ရာရသွားပေမဲ့ အခု ပြန်သက်သာလာပါပြီ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

ကနဦး သတင်းပေးချက်အရ

  • ဘာသာပြန်ရုံးခွဲ ၁ ခု၊ ဝတ်ပြုရာခန်းမ ၆ လုံးထက်မနည်း ရေမြုပ်သွား

  • အိမ် ၂၀ ထက်မနည်း အကြီးအကျယ် ပျက်စီး

  • အိမ်တစ်လုံး ရစရာ မရှိအောင် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေက အစားအစာ၊ သောက်ရေ၊ နေစရာ စီစဉ်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်

  • မိသားစုတချို့ကတော့ အိမ်တွေဆီ ပြန်လာပြီး သန့်ရှင်းရေးတွေ လုပ်နေပါပြီ

  • ကယ်ဆယ်ရေး ကော်မတီအသစ် သုံးခုက ဦးဆောင်ကူညီနေပါတယ်

  • ညီအစ်ကိုတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း ကိုဗစ် ၁၉ စည်းကမ်းချက်တွေကိုလည်း ဂရုတစိုက် လိုက်နာကြပါတယ်

အခုလို ခက်ခဲချိန်မှာ ညီအစ်ကို/မတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သဘာဝဘေးတွေ မရှိတော့ဘဲ ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်မျှော်နေကြပါတယ်။—ဆာလံ ၄:၈