မာတိကာဆီ ကျော်သွား

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်သုံးလုံးထဲက နှစ်လုံး။

ဇန်နဝါရီ ၂၂၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင် အရှေ့ပိုင်းမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွား

ဖိလစ်ပိုင် အရှေ့ပိုင်းမှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယအကြီးဆုံးကျွန်းဖြစ်တဲ့ စမာကျွန်းကို ၂၀၁၈၊ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အပူပိုင်းမုန်တိုင်း အူစမန် ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ မုန်တိုင်းကြောင့် မိုးအကြီးအကျယ် ရွာသွန်းတဲ့အတွက် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်။ လူ ၂၅ ယောက် သေဆုံးကာ ၄၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ အိမ်ပေါင်း ၂၂,၈၃၅ လုံး ပျက်စီးသွားတယ်။

မုန်တိုင်းကြောင့် ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း မရှိကြောင်း ဖိလစ်ပိုင် ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေရဲ့ အိမ် သုံးလုံး လုံးလုံး ပျက်စီးသွားပြီး အိမ်လေးလုံးကတော့ အနည်းငယ် ပျက်စီးသွားတယ်။ ဝတ်ပြုရာခန်းမတစ်လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။ ဌာနခွဲရုံးရဲ့ ညွှန်ကြားမှုအောက်မှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး မုန်တိုင်းဘေးသင့် မိသားစုတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ယာယီနေထိုင်ဖို့ ကူညီထောက်ပံ့ပေးနေကြပါတယ်။

ယေဟောဝါဘုရား မြဲမြံစေမယ်၊ ခွန်အားရှိစေမယ်ဆိုတာ ယုံကြည်ပြီး မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေ ဘုရားကို ဆက်ယုံကြည်ကိုးစားကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။—၁ ပေတရု ၅:၁၀