မာတိကာဆီ ကျော်သွား

သြဂုတ် ၂၃၊ ၂၀၁၇
ဖိလစ်ပိုင်

ဖိလစ်ပိုင်မှာ မီးလောင်ကျွမ်းမှုဖြစ်

ဖိလစ်ပိုင်မှာ မီးလောင်ကျွမ်းမှုဖြစ်

၂၀၁၇၊ သြဂုတ် ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ကမ်းရိုးတန်းက ဒါဗာအိုမြို့ရဲ့ အက်ဒါအိုရပ်ကွက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။

မီးဘေးကြောင့် ယေဟောဝါသက်သေတွေ သေဆုံးတာမရှိပေမဲ့ မိသားစု ၁၃ စုရဲ့ အိမ်တွေ မီးလောင်ပျက်စီးခဲ့လို့ ၂၉ ဦး အခက်အခဲ ကြုံခဲ့ရတယ်။ သူတို့ဟာ တခြားသက်သေခံတွေရဲ့ အိမ်တွေမှာ ရွှေ့ပြောင်းပြီး နေထိုင်နေကြရတယ်။ မနီလာမှာရှိတဲ့ ယေဟောဝါသက်သေဌာနခွဲရုံးက အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီကို ဖွဲ့ပေးခဲ့ပါတယ်။

ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းအတွက် လှူဒါန်းထားတဲ့ငွေတွေနဲ့ ပံ့ပိုးပေးနေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Philippines: Dean Jacek, +63-2-224-4444