မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၂၊ ၂၀၁၈
ဖိလစ်ပိုင်

ဖိလစ်ပိုင်မှာ ယူတူ မုန်တိုင်း မွှေနှောက်ဖျက်ဆီး

ဖိလစ်ပိုင်မှာ ယူတူ မုန်တိုင်း မွှေနှောက်ဖျက်ဆီး

မြောက်ပိုင်း မာရီယာနာကျွန်းတွေမှာ အောက်တိုဘာ ၂၄ ရက်နေ့တုန်းက ယူတူမုန်တိုင်း တိုက်ခတ်မှုကြောင့် အောက်တိုဘာ ၃၀၊ အင်္ဂါနေ့မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်။ ထောင်နဲ့ချီတဲ့သူတွေ နေရပ်စွန့်ခွာ ပြောင်းရွှေ့ကြရပြီး ၁၁ ဦး သေဆုံးပါတယ်။

မုန်တိုင်းကြောင့် ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိကြောင်း ဖိလစ်ပိုင် ဌာနခွဲရုံးကနေ သတင်းရပါတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့ အိမ် ၇၃ လုံး၊ ဝတ်ပြုရာခန်းမ ၆ လုံး ထိခိုက်ပျက်စီးသွားတယ်။ ဖိလစ်ပိုင်ဌာနခွဲရုံးက ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်နေပါတယ်။

ဒီနှစ်အတွင်း မုန်တိုင်းဒဏ် ၁၈ ကြိမ် သင့်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံက ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။ သူတို့ကို ယေဟောဝါဘုရား ဖေးမကူညီပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချကြပါတယ်။—ဆာလံ ၅၅:၂၂