၂၀၂၃ ခုနှစ်၊ မတ် ၁၇ ရက်
ဗန်ဝါတူး
ဗန်ဝါတူးနိုင်ငံကို အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်
၂၀၂၃ ခုနှစ်၊ မတ် ၁ နဲ့ ၄ ရက်အတွင်း ဗန်ဝါတူးနိုင်ငံကို ပြင်းအားအဆင့် ၄ ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ဂျူဒီလို့ခေါ်တဲ့ ပထမမုန်တိုင်းကြောင့် အပျက်အစီး သိပ်မများခဲ့ဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ ကယ်ဗင်လို့ခေါ်တဲ့ ဒုတိယမုန်တိုင်း ဖြစ်လာပြီး ပထမလမ်းကြောင်းအတိုင်း တိုက်ခတ်ခဲ့တယ်။ အေဖတေကျွန်းမကြီး အပါအဝင် နိုင်ငံရဲ့တောင်ပိုင်းက ကျွန်းတွေ ဆိုးဆိုးဝါးဝါး ထိခိုက်သွားတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတွေထဲမှာ သေဆုံးသူ မရှိ
အိမ် ၃ လုံး ပျက်စီး
အိမ်အလုံး ၃၀ အနည်းငယ်ပျက်စီး
နိုင်ငံတော်ခန်းမ ၂ လုံး ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက မုန်တိုင်းဘေးသင့်သူတွေကို နှစ်သိမ့်အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေ
ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း
ဗန်ဝါတူးနိုင်ငံက ညီအစ်ကို/မတွေ စိုးရိမ်ပူပန်နေကြပေမဲ့ သူတို့ကို ယေဟောဝါဘုရား ဆက်လက် “နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေ” မယ်ဆိုတာ ယုံကြည်ပါတယ်။—ဆာလံ ၉၄:၁၉။