မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၄၊ ၂၀၁၇
ဗဟိုအာဖရိကသမ္မတနိုင်ငံ

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဗဟို​အာဖရိက သမ္မတနိုင်ငံ​က ယေဟောဝါသက်သေတွေ ထွက်ပြေး​ရ

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဗဟို​အာဖရိက သမ္မတနိုင်ငံ​က ယေဟောဝါသက်သေတွေ ထွက်ပြေး​ရ

သဘာဝဘေး ကယ်ဆယ်ရေး​ကော်မတီ အဖွဲ့ဝင်တွေ​က ကယ်ဆယ်ရေး​ပစ္စည်း​တွေ ဝေပေး​နေ

ကင်မရွန်း​နိုင်ငံ၊ ဒူ​အာလာ​—ဗဟို​အာဖရိက သမ္မတနိုင်ငံ​မှာ လူမျိုးရေး​နဲ့ ဘာသာရေး အကြမ်းဖက်မှု​တွေ ပို​များ​လာလို့ ယေဟောဝါ​သက်သေတွေဟာ အိမ်နီးချင်း ကင်မရွန်း​နဲ့ ကွန်ဂို​ဒီမိုကရက်တစ် သမ္မတနိုင်ငံ​ကို ထွက်ပြေးခဲ့​ရပြီး အဲဒီမှာ ယုံကြည်သူချင်းတွေ​က သူတို့ကို စောင့်ရှောက် ပေးထား​ကြပါတယ်။

အကြမ်းဖက်မှု စတင်တဲ့ ၂၀၁၇၊ ဇူလိုင် ၁၃ ရက်မှာ ယေဟောဝါ​သက်သေ ၁၅ ဦး​ဟာ မွေး​ခါ​စ​ကလေး အပါအဝင် သားသမီး၊ မိသားစု​တွေ​နဲ့​အတူ ကင်မရွန်း​နိုင်ငံ အရှေ့ပိုင်း​က အမ်​ဘိုင် အမ်​ဘွန်း​ရွာကို ထွက်ပြေးခဲ့​ကြတယ်။ နောက်​အပတ်​မှာ ပဋိပက္ခ​တွေ ထပ်​ဖြစ်ပြီး လက်နက်ကိုင်​အုပ်စု​တွေ​က အိမ်တွေကို မီးရှို့​တဲ့​အတွက် ဗဟို​အာဖရိက​သမ္မတနိုင်ငံ၊ ဘ​န်​ဂါ​စောင် က သက်သေခံ ၆၀ လောက်​ဟာ နယ်စပ်​ကို​ဖြတ်​ပြီး ကွန်ဂို​ဒီမိုကရက်တစ် သမ္မတနိုင်ငံ အဲ​င်ဒူ​မြို့မှာ​ရှိတဲ့ သက်သေခံတွေ​ဆီမှာ သွားရောက် ခိုလှုံ​နေကြတယ်။

ဒုက္ခသည်​တွေ​ထဲမှာ မွေး​ခါ​စ ကလေးလည်း​ပါ

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​က ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဂျိန်း-ဘား​နတ်​ဒ် ဖ​ရန်း​ဂါး​က “ဒီ​ပဋိပက္ခ​မှာ ကျွန်တော်တို့ရဲ့ ညီအစ်ကို ညီအစ်မ​တစ်ယောက်မှ အသတ်​မခံရ​ဘူးလို့ ကြားရတဲ့​အတွက် ဝမ်းသာတယ်။ ကင်မရွန်း​နဲ့ ကွန်ဂိုနိုင်ငံ​က ဌာနခွဲရုံး​တွေ​နဲ့ ကျွန်တော်တို့ ပူးပေါင်း​ဆောင်ရွက်​ပြီး ယုံကြည်သူချင်းတွေ​အတွက် သောက်​ရေ၊ အစားအစာ၊ သင့်တော်​တဲ့ အမိုး​အကာ​တွေ​နဲ့​အတူ ကျမ်းစာနဲ့​အားပေးမှု​တွေ ရရှိအောင် အဲဒီ​ဒေသ​ကို ကယ်ဆယ်ရေး​ကော်မတီ​တွေ စေလွှတ်​ပေးနေ​ပါတယ်။”

သက်သေခံ အကြီးအကဲ​တွေ​က ကျမ်းစာနဲ့ အားပေး​သလို ဒုက္ခသည်​တွေရဲ့ ဒေသခံ​ဘာသာစကား​ဖြစ်တဲ့ စ​န်​ဂို ဘာသာစကားနဲ့ ကျမ်းစာ​အခြေပြု ဗီဒီယိုတွေကို ပြပေး​နေ

ကမ္ဘာ့​ဌာနချုပ်​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေး​အဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်းတွေကို ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​အတွက် လှူဒါန်း​ထားတဲ့ ငွေတွေ​နဲ့ ပံ့ပိုးပေး​နေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Cameroon: Gilles Mba, +237-6996-30727

Central African Republic: Jean-Bernard Fayanga, +236-7575-1605