မာတိကာဆီ ကျော်သွား

ဘယ်လ်ဂျီယံမှာ ၂၀၂၁ ခုနှစ် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ တက်နေတဲ့ မိသားစု

ဧပြီ ၁၆၊ ၂၀၂၁
ဘယ်လ်ဂျီယံ

၂၀၂၁ အောက်မေ့ရာပွဲ—နှစ်များတစ်လျှောက် တက်ရောက်သူ အများဆုံး စံချိန်တင်တဲ့ ဘယ်လ်ဂျီယံက ယေဟောဝါသက်သေတွေရဲ့ အောက်မေ့ရာပွဲ

၂၀၂၁ အောက်မေ့ရာပွဲ—နှစ်များတစ်လျှောက် တက်ရောက်သူ အများဆုံး စံချိန်တင်တဲ့ ဘယ်လ်ဂျီယံက ယေဟောဝါသက်သေတွေရဲ့ အောက်မေ့ရာပွဲ

ယေဟောဝါသက်သေတွေရဲ့ အရေးကြီးဆုံးပွဲ ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို ဘယ်လ်ဂျီယံမှာ ၄၉,၀၄၀ ဦး တက်ရောက်ခဲ့တယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တက်ရောက်သူ ဦးရေ အများဆုံးပါပဲ။ ဘယ်လ်ဂျီယံက ယေဟောဝါသက်သေ ဦးရေ နှစ်ဆနီးပါး ရှိတယ်။

ဘယ်လ်ဂျီယံမှာ ဘာသာရေးကို စိတ်ဝင်စားသူတွေ နည်းသည်ထက် နည်းလာလို့ ခရစ်ယာန်တွေ ကျင်းပတဲ့ ဒီပွဲကို ဒီနှစ် တက်ရောက်သူ အများဆုံး ဖြစ်နေတာ ထူးခြားတယ်။ ၁၉၇၀ ပြည့်နှစ်၊ ဘယ်လ်ဂျီယံနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး ဘာသာမဲ့က ၆ ရာခိုင်နှုန်းကျော်ပဲ ရှိခဲ့တယ်။ ဒါပေမဲ့ လက်ရှိ စာရင်းဇယားအရ ခရစ်ယာန် ဘာသာဝင် အရေအတွက်က ၆၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ ဘာသာမဲ့အဖြစ် ခံယူထားသူ အရေအတွက်က ၄၀ ရာခိုင်နှုန်းကျော် ဖြစ်လာပြီ။

ပြီးခဲ့တဲ့ နှစ်တွေမှာ ဘယ်လ်ဂျီယံ သတင်းမီဒီယာက ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး ဘက်လိုက်မှု ရှိတဲ့ သတင်းအမှားတွေကို ရေးသားဖော်ပြကြတယ်။ ဒီလိုမကောင်းသတင်းတွေ ရေးသားဖော်ပြကြပေမဲ့ ယေဟောဝါသက်သေတွေအကြောင်း အမှန်အတိုင်း သိချင်သူတွေ၊ စိတ်ဝင်စားသူတွေ ပိုများလာတယ်။ ယေဟောဝါသက်သေတွေ အချင်းချင်း ချစ်ကြမှန်း၊ ကျမ်းစာသွန်သင်ချက်အတိုင်း လိုက်နာလို့ မိမိတို့ဘဝ တိုးတက်ကောင်းမွန်လာမှန်း သိမြင်လာကြတယ်။—ယောဟန် ၁၃:၃၅

ညီအစ်မတစ်ဦး ၂၀၂၁ အောက်မေ့ရာပွဲ တက်ခဲ့တဲ့ နှစ်ခြင်းခံပြီးစ ညီအစ်မနဲ့ ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ စာအုပ် လေ့လာနေ

ဘယ်လ်ဂျီယံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး မှတ်တမ်းအရ ၂၀၂၁၊ ဖေဖော်ဝါရီလမှာ ကျမ်းစာလေ့လာသူ ၁၁,၈၀၄ ဦး ရှိတယ်။ ပြီးခဲ့တဲ့ လုပ်ငန်းတော်နှစ်ထက် လေ့လာသူဦးရေ ၁,၀၀၀ ကျော် ပိုများတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံသူ နှစ်စဉ် ပျှမ်းမျှ ၄၅၀ ဦး ရှိတယ်။

“လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့ လူမျိုး ဖြစ်လာမယ်” ဆိုတဲ့ ကျမ်းစာ ကြိုဟောချက် ပြည့်စုံနေကြောင်း ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ မြင်တွေ့နေရတယ်။ ဘယ်လ်ဂျီယံနိုင်ငံရဲ့ တိုးတက်မှုက ဒီကြိုဟောချက် ပြည့်စုံနေတဲ့ နမူနာတစ်ခုပါပဲ။—ဟေရှာယ ၆၀:၂၂