မာတိကာဆီ ကျော်သွား

ဘရာဇီးနိုင်ငံ၊ ကယ်ဘရူဗာမြို့က ကျမ်းစာပညာပေးစင်တာ။ အတွင်းပုံ- ကျောင်းသူ/သားတွေ စာသင်ခန်းမှာ လေ့လာသင်ယူနေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်
ဘရာဇီး

ဘရာဇီးနိုင်ငံမှာ ကျမ်းစာပညာပေးစင်တာ ဖွင့်လှစ်

ဘရာဇီးနိုင်ငံမှာ ကျမ်းစာပညာပေးစင်တာ ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဘရာဇီးနိုင်ငံ၊ ကယ်ဘရူဗာမြို့က ကျမ်းစာပညာပေးစင်တာ ဆက်ကပ်အပ်နှံပွဲကို အနီးနားက အစည်းအဝေးပွဲခန်းမမှာ ကျင်းပခဲ့တယ်။ ဘရာဇီးဌာနခွဲကော်မတီဝင် ညီအစ်ကို အယ်ဒွာဒို မာတီနက်က ဆက်ကပ်အပ်နှံ ဟောပြောချက် ပေးခဲ့ပြီး လူကိုယ်တိုင် တက်ရောက်သူ ၂,၄၀၀ ကျော်၊ ဗီဒီယိုနဲ့ ချိတ်ဆက်သူ ၄,၉၀၀ ကျော် ရှိတယ်။

ဘယ်– ညီအစ်ကို အယ်ဒွာဒို မာတီနက် ဆက်ကပ်အပ်နှံ ဟောပြောချက် ပေးနေ။ ညာဘက် အပေါ်– အစီအစဉ် တက်ရောက်သူတွေ အာရုံစိုက်နားထောင်နေ။ ညာဘက် အောက်- သက်တမ်းကြာ သင်တန်းမှူးတွေကို လူတွေ့မေးမြန်းနေ

ဒီကျမ်းစာပညာပေးစင်တာကို သတင်းကောင်းဟောပြောသူများအတွက် သင်တန်းနဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများအတွက် သင်တန်း ကျင်းပဖို့ အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သင်တန်းသုံးခုကို တစ်ပြိုင်တည်း ကျင်းပနိုင်မှာဖြစ်ပြီး တစ်နှစ်ကို သင်တန်းသား ၆၀၀ နီးပါး တက်ရောက်နိုင်မှာပါ။

သင်တန်းမှူးတစ်ယောက် သင်တန်းပို့ချနေ

၂၀၂၀ ပြည့်နှစ်မှာ ညီအစ်ကိုတွေက ဟိုတယ်တစ်ခု ဝယ်တယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကာလဖြစ်လို့ လုပ်အားပေးတွေက ရောဂါကာကွယ်ရေး စည်းမျဉ်းတွေ လိုက်လျှောက်ပြီး အဆောက်အအုံကို ကျမ်းစာပညာပေးစင်တာအဖြစ် ပြုပြင်မွမ်းမံတယ်။ စာသင်ခန်း ၃ ခန်း၊ အိပ်ခန်း ၅၄ ခန်း၊ ထမင်းစားခန်းတစ်ခန်းနဲ့ ရုံးခန်းနေရာ ဖွဲ့တယ်။ ပြီးစီးသွားတဲ့အခါ အဆောက်အအုံကို အများသူငါ လာရောက်ကြည့်ရှုနိုင်ဖို့ ပြသတယ်။ ယေဟောဝါသက်သေတွေအကြောင်း၊ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေး အစီအစဉ်အကြောင်း ဒေသခံ အာဏာပိုင်တွေ အပါအဝင် အိမ်နီးနားချင်းတွေ သိလာစေဖို့ပါ။ အဆောက်အအုံကို လာလည်ပတ်တဲ့ အာဏာပိုင်တစ်ယောက် အခုလို ပြောတယ်– “ဆောက်ထားတဲ့လက်ရာ ကောင်းလိုက်တာ။ အရည်အသွေးလည်း တော်တော်မြင့်တယ်။ ဘုရားအတွက်ဆိုရင် ဒီလိုပဲ ဖြစ်ရမှာပေါ့။”

ဘယ်– ပညာပေးစင်တာ ဧည့်ခန်း။ ညာ–ကျောင်းသူ/သားတွေရဲ့ အိပ်ခန်း

ပြုပြင်မွမ်းမံရေးမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို ရိုဇဲရီယို ဘရာဂန်ဟိုလို အခုလို ပြောတယ်– “ယေဟောဝါ ထောက်မကူညီပေးတဲ့ အထောက်အထားတွေကို စီမံကိန်းတစ်လျှောက် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို ဘုရား ကောင်းချီးပေးတာကို ကြည့်ပြီး ဆာလံ ၁၂၇:၁ ဘယ်လောက်မှန်ကန်တယ်ဆိုတာ သိလာတယ်။ ‘ယေဟောဝါသာ အိမ်ကို မဆောက်ရင် အိမ်ဆောက်တဲ့သူတွေ တပင်တပန်း ဆောက်နေလည်း အချည်းနှီးပဲ။’”

ဘရာဇီးနိုင်ငံက ညီအစ်ကို/မတွေရဲ့ “သွန်သင်ခြင်းနည်းပညာ” တိုးတက်အောင် ကူညီပေးမယ့် ကျမ်းစာပညာပေးစင်တာ ဖွင့်လှစ်နိုင်ပြီဖြစ်လို့ ဝမ်းသာပါတယ်။—တိတု ၁:၉