ဒီဇင်ဘာ ၂၈၊ ၂၀၂၀
ဘရာဇီး
ဘရာဇီးနိုင်ငံ စန်တာ ကာတီရီနားမှာ ရေကြီး မြေပြိုမှုတွေ ဖြစ်
နေရာ
ဘရာဇီးနိုင်ငံ တောင်ပိုင်း၊ စန်တာ ကာတီရီနား ပြည်နယ်၊ ဗယ်လီဒို အီတာဇိုင်း
ဘေးအန္တရာယ်
၂၀၂၀၊ ဒီဇင်ဘာ ၁၇ ရက် မှာ မိုး အကြီးအကျယ် ရွာပြီး မြေပြိုမှုတွေ ဖြစ်ခဲ့
ညီအစ်ကို ညီအစ်မတွေ ထိခိုက်မှု
ကြေညာသူ ၂၂ ယောက် နေရာ ပြောင်းရွှေ့ခဲ့ရ
ဝမ်းနည်းစရာက မြေပြိုမှုကြောင့် အိမ်ပြိုပြီး ၆၅ နှစ်အရွယ် ညီအစ်မတစ်ယောက် သေဆုံးခဲ့
ပစ္စည်းဥစ္စာ ဆုံးရှုံးမှု
အိမ် ၁၅ လုံး အနည်းငယ် ထိခိုက်ခဲ့
ကယ်ဆယ်ရေး လုပ်ဆောင်မှု
သဘာဝဘေး ကယ်ဆယ်ရေး ကော်မီတီ (DRC)၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေဟာ သေဆုံးသွားတဲ့ ညီအစ်မရဲ့ မိသားစုတွေ အပါအဝင် ထိခိုက်ခံခဲ့ရတဲ့ ညီအစ်ကိုတွေကို နှစ်သိမ့် ကူညီပေးခဲ့ကြတယ်
သဘာဝဘေး ကယ်ဆယ်ရေး ကော်မီတီ (DRC) က ဦးစီးတဲ့ ဒေသခံ ညီအစ်ကိုတစ်ဖွဲ့ဟာ ထိခိုက်ခံရတဲ့ မြို့တွေကို သွားရောက်ပြီး ဘယ်လို ကူညီပေးရမလဲဆိုတာ သုံးသပ်ခဲ့တယ်။ DRC က သောက်ရေဗူး လီတာ ၂၀၀၀ ကျော်နဲ့ အစားအသောက်တွေကိုလည်း ယူသွားပေးကြတယ်။ ဒါတွေ အားလုံးကို ကိုဗစ် ၁၉ ဘေးကင်းရေး ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်
ဒီသဘာဝဘေးကြောင့် ညီအစ်မတစ်ယောက် ဆုံးပါးသွားလို့ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့တွေဟာ သဘာဝဘေးတွေ ကင်းစင်ပြီး ‘သေခြင်း ရှိတော့မှာ မဟုတ်တဲ့’ အချိန်ကို စောင့်မျှော်နေကြပါတယ်။—ဗျာဒိတ် ၂၁:၄။