မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၈၊ ၂၀၁၉
ဘရာဇီး

ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇူလိုင် ၁၂-၁၄၊ ၂၀၁၉

  • နေရာ– ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့၊ ဆောပိုလို ပြခန်း

  • ဘာသာစကား– ဘရာဇီး လက်သင်္ကေတပြစကား၊ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်

  • အများဆုံး တက်ရောက်သူ– ၃၆,၆၂၄

  • နှစ်ခြင်းခံသူ အရေအတွက်– ၂၉၁

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၇,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အင်ဂိုလာ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ချက်-စလိုဗက်၊ ပြင်သစ်၊ အီတလီ၊ မိုဇမ်ဘစ်၊ ပေါ်တူဂီ၊ စကင်ဒီနေးဗီးယား၊ စူရီနမ်၊ ထရီနီဒတ်နှင့် တိုဘာဂို၊ အမေရိကန်၊ ဗင်နီဇွဲလား

  • ဒေသခံတွေ့ကြုံမှု– ဆောပိုလို တိရစ္ဆာန်ဥယျာဉ်က ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာ မစ္စ မာရီယာ လူဇာ ဂွန်ဆောဗစ်က ကိုယ်စားလှယ်တွေကို ကြိုဆိုပြီး ဒီလိုပြောတယ်– “ဒီတိရစ္ဆာန်ရုံမှာ ပွဲအတော်များများ ကျင်းပခဲ့ဖူးတယ်။ တစ်နှစ်ပတ်လုံး နိုင်ငံခြားသား ဧည့်သည်တွေလည်း လာလည်ပတ်ကြတယ်။ ဒါပေမဲ့ ခင်မင်ဖော်ရွေတဲ့၊ ဖွဲ့စည်းစီစဉ်မှု ကောင်းတဲ့ ဒီလို လူစုကြီးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ မေတ္တာ တော်တော် ပြည့်ဝကြတဲ့သူတွေပဲ။ ရှင်တို့ရဲ့ မေတ္တာကို ရှင်တို့ရဲ့ အပြုအမူ၊ သီချင်းတွေမှာ တွေ့ရတယ်။”

 

ဆောပိုလို ဂွါရူလူ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေ ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်

ဆောပိုလိုနဲ့ ဘရာဇီးဌာနခွဲရုံးက ညီအစ်ကို လေးယောက် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး မတိုင်မီ မီဒီယာတွေနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ကိုယ်စားလှယ်တွေ ဆောပိုလိုမှာ ဒေသခံ ကြေညာသူတွေနဲ့အတူ အမှုဆောင်မှာ ပါဝင်နေကြစဉ်

အစည်းအဝေးကြီး ပထမနေ့မှာ ကိုယ်စားလှယ်တွေကို အစည်းအဝေး ကျင်းပတဲ့ အဆောက်အအုံ အပြင်ဘက်မှာ တွေ့ရစဉ်

ညီအစ်ကို၊ ညီအစ်မတွေ အစည်းအဝေး အစီအစဉ်အတွင်း မှတ်ချက် ယူနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူအယ် ဟာ့ဒ် သောကြာနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်

အစည်းအဝေးကြီး စနေနေ့ မွန်းလွဲပိုင်းမှာ နှစ်ခြင်းခံသူတွေကို ညီအစ်ကိုတွေ နှစ်ခြင်းပေးနေကြစဉ်

အစည်းအဝေး တက်ရောက်လာတဲ့ မျက်မမြင် နားမကြားသူတွေကို ညီအစ်မတွေ အထိအတွေ့ ဘာသာစကားနဲ့ အစီအစဉ်ကို ဘာသာပြန်ပေးနေစဉ်

အစည်းအဝေး ကျင်းပတဲ့ အဆောက်အအုံ အပြင်ဘက်မှာ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေစဉ်

တနင်္ဂနွေနေ့ နိဂုံးချုပ် အစီအစဉ်မှာ ပရိသတ်တွေကို အထူးအချိန်ပြည့် အမှုဆောင်တွေ လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်