မာတိကာဆီ ကျော်သွား

ဘရာဇီးနိုင်ငံ၊ ပါနန်ဘူကိုပြည်နယ်၊ ရေစီဖယ်မြို့က စည်းဝေးပွဲခန်းမ အကြီးအကျယ် ပျက်စီးခဲ့

၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်
ဘရာဇီး

ဘရာဇီးမှာ ရေကြီးမြေပြိုလို့ ပျက်စီးဆုံးရှုံးမှု များပြား

ဘရာဇီးမှာ ရေကြီးမြေပြိုလို့ ပျက်စီးဆုံးရှုံးမှု များပြား

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်ကတည်းက ဘရာဇီးအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေကြီးပြီး မြေပြိုခဲ့တယ်။ ဘေးအသင့်ဆုံးဒေသတွေကတော့ အာလာဂိုးအပ်စ်နဲ့ ပါနန်ဘူကိုပြည်နယ်တွေ ဖြစ်တယ်။ အဲဒီက ၄၂ မြို့ကို အရေးပေါ်အခြေအနေ ကြေညာထားတယ်။ လူပေါင်း ၁၄၅,၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရပြီး အနည်းဆုံး ၁၂၉ ယောက် သေဆုံးခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ မသေဆုံးပါ

  • ကြေညာသူ ၃ ယောက် ဒဏ်ရာ အနည်းငယ်ရ

  • အိမ် ၂၈၀ အနည်းငယ် ပျက်စီး

  • အိမ် ၂၂ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၂၃ လုံး အနည်းငယ် ပျက်စီး

  • စည်းဝေးပွဲခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်းများ

  • သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ (DRC) က ကြေညာသူ ၆၀၀ ကျော်ကို အခြေခံလိုအပ်ရာတွေ ထောက်မပေးတဲ့အပြင် ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေ

  • ကယ်ဆယ်ရေးမှာ ပါဝင်သူအားလုံး ကိုဗစ်-၁၉ အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေကြ

ဘရာဇီးက ညီအစ်ကိုတွေ “ဘုရားသခင်ဆီက တန်ခိုးကိုခံယူ” ပြီး သဘာဝဘေးအန္တရာယ်ကို ခံရပ်သွားနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။​—ဧဖက် ၆:၁၀